☕Future Perfect❤Part 78

275 17 20
                                    

🖤🏰 ရင်ခွင်နန်း​တော်မှာ သက်ဆုံးတိုင် နန်း တက်ခွင့်ရထားတဲ့ ဘုရင်​လေးဖြစ်လို့ သူ့လှုပ်ရှားမှုသဲ့သဲ့​လေး ခံစားမိရင်ကအစ ကိုယ့်နှလုံးသားတစ်ခုလုံးကို လှုပ်ကိုင်ရမ်း​နေသလို.......

မျက်လုံး​တွေ မဖွင့်ကြည့်ခင် ကိုယ့်ရင်ဘတ်ပေါ်​ပြေးလွှား​နေတဲ့ အထိအ​တွေ့​လေးကို အရင် ခံစားမိ​တော့ အပြုံး​တွေကအရင် နှိုးထသွားရပြီ........

ဝမ်းဗိုက်တည်က​နေ ရင်အုံ​နေရာကို ခပ်ဖြည်း ဖြည်းချင်းဖိဖိပြီး ရွှေ့လျား​နေ​တာမို့ ရင်ဘတ်​ပေါ်​ရောက်​လာတဲ့ သူ့လက်ကို ဖျတ်ခနဲဖမ်းဆုပ်လိုက်​တော့.........

ကျွိ!

ထွက်လာတဲ့ "ကျွိ"ဆိုတဲ့အသံ​​ကြောင့် မျက်လုံး​တွေကို အမြန်ဖွင့်ကြည့်လိုက်​တော့မှ မျက်လုံးအပြူးသားနဲ့ ကိုယ့်ကို စိုက်ကြည့်​နေတာ​ကြောင့် ဖမ်းထားမိတဲ့ ဒင်းကို လွတ်​ပေးပြီးငယ်သံပါ​အောင် ​အော်ရင်း ​ပြေးမိ​ပြေးရာ ​ဝုန်းခနဲထပြေးရပြီ..............

🖤 : အားးးးးးးးးး ကြွက်!!! ကြွက်!!! တကယ်ကြွက်ကြီး!!!!

❤🏰 မနက်၅နာရီ​လောက်ကတည်းက မိုးလင်း​နေတာသိ​ပေမယ့် မ​နေ့က တ​နေကုန်ငိုထားတဲ့အရှိန်နဲ့ဆို​တော့ ခဏပြန်​မှေးရင်း ဘယ်လို ပြန်အိပ်​ပျော်​သွားမှန်း​တောင်မသိ..........

ခုလည်း နားထဲ​အော်သံလိုလို ကြား​တော့မှ ကုန်းရုန်းထကြည့်လိုက်​​တော့ ကိုကိုတစ်​ယောက် ကြွက် ကြွက်​ အော်ရင်း အခန်းထဲပတ်​ပြေး​​နေသည်........

ကိုကိုက အခန်းထဲပတ်​ပြေး​တော့ Robinတို့က ကိုကို့​နောက်ကလိုက် ၊ Robinတို့​နောက်က လက်တစ်ဝါး​လောက်ရှိတဲ့ အဲ့ကြွက်က ဘယ်​ပြေးရမသိဘဲ ပတ်လိုက်​ပြေးနဲ့ အခန်းထဲ ​စော​စောစီးစီး ကိုကို့​အော်သံရယ် သား၂​ကောင်ရဲ့ ​ဟောင်သံ​အော်သံရယ်က နံနက်ခင်းရဲ့ ​တေးသံသာအဖြစ် ဝုန်းဒိုင်းကြဲ​ထွက်​ပေါ်နေရပြီ.........

မျက်လုံးကို တစ်ချက်ပွတ်လိုက်ရင်း အခန်းတံခါးကို အရင် သွားဖွင့်လိုက်ပြီး ခြောက်ထုတ်လိုက်​တော့ ​ကြွက်က အောက်ထပ်ကိုအ​ပြေးဆင်းသွားသည်.........

Classic Love 🖤 ❤Where stories live. Discover now