☕ ❤ Lovable Part 37

698 58 93
                                    

💥🗼 ခွဲစိတ်မှု​အောင်မြင်ပြီး ခွဲခန်းက​နေ ထုတ်ကာ အထူးခန်း​ပြောင်း​ရွှေ့​ပေးထားချိန်ကစလို့ ခုညသန်း​ခေါင်ယံချိန်ထိ နှလုံးခုန်သံ အချက်​ပေးစက်က မြည်​နေတဲ့ အသံက ကျွန်​​တော့်ရင်ထဲပိုပြီး ​စို့နင့်​နေစေတာပါ........​

Mr.Suppapongနဲ့ N'Perth&Saintတို့ အ​ခြေအ​နေ ပြန်လာ​မေးကြ​တော့ ​​ဆရာဝန်​ကြီးတွေ​ပြောကြားသွားတဲ့အတိုင်း ပြန်​ပြောပြပေးပြီး သူတို့​တွေကိုယ်စီ ပြန်သွားကြတာနဲ့........

အောက်ဆီဂျင်​ပေးထားရပြီး ​ဆေးပိုက်​တွေနဲ့ လဲ​လျောင်း​နေတဲ့ သူ့အနားဝင်ထိုင်ရင်း သူ့လက်က​လေးကို ဆုပ်ကိုင်ထားပြီး အရူးတစ်​ယောက်လို တောက်​လျှောက် စကား​​တွေ​ပြော​နေမိတာ​ပါ.........

ကျွန်​တော် မကာကွယ်​ပေးနိုင်​ပေမယ့် ​အတတ်နိုင်ဆုံး မေတ္တာ​တွေ ​ပေးတဲ့သူ့ကို ဘယ်လိုမှ အ​ဆုံးရှုံး မခံနိုင်ဘူး​လေ........ သူကျွန်​တော့်အ​ပေါ် ​မေတ္တာရှိတာကို ကျွန်​တော်ရင်ထဲက​နေ ခံစားလို့ရပါတယ်......

💥 : ခင်ဗျားကြီးမတရားဘူး......

ပြသနာ​တွေ​ကူဖြေရှင်း​ပေးပြီးတာနဲ့ ခုလိုပဲအိပ်​နေ​တော့မှာလား........

အကြာကြီး မအိပ်​နေနဲ့​​နော်.....

ကျွန်​တော်တစ်​ယောက်တည်း​လေ.........

ကျွန်​တော် ခင်ဗျားကို ဘယ်လို ချစ်မြတ်နိုးရ​ကြောင်း​တွေ ခင်ဗျား နား​ထောင်​ပေးရဦးမှာမို့ ခဏပဲအိပ်ပြီး နှိုးလာ​ပေး​တော့........

ရင်ထဲ ဝမ်းနည်းမှု မိုးတိမ်​တွေ ပြိုကျလာရ​တော့ မျက်ရည်​တွေကလည်း တားမရ​အောင် စီးကျလာရပြီ​လေ........​

သူ့လက်​ကိုဆုပ်ကိုင်ထားရင်း ကုတင်​ပေါ်​ ခေါင်း​မှောက်ကာ အမြန်ဆုံး နှိုးထလာဖို့သာဆု​တောင်းရင်း ကျွန်​တော်လည်း စိတ်​ရောလူ​ရော ပင်ပန်း​နေရတာ​ကြောင့် အိပ်စက်ခြင်းရပ်ဝန်းထဲ တိုးဝင်လိုက်ရပြီ.......

🖤🗼ညက ​အားဆေးသွင်းထားတာ ကုန်တာနဲ့ ​ကျွန်​တော့်က​လေး​လေး ဆေးရုံကအနံ့​တွေ မခံနိုင်တာ​ကြောင့် P'Ivanကို အား​ပေးစကား​ပြောကာ နှုတ်ဆက်ပြီး ဟိုတယ်ပြန်နားလိုက်ရတာလေ.......

Classic Love 🖤 ❤Where stories live. Discover now