Zawgyi >> ☕ Love Museum ❤ Part 94(H)

66 5 14
                                    

🖤🏰 အဝတ်လဲခန်းက​နေ ပြန်ထွက်လာပြီး မှန်တင်​ခုံ​ရှေ့ခဏရပ်ကာ ဆံပင်​တွေကို အ​နောက်တစ်ချက်လှန်သပ်တင်ပြီး မှန်ထဲက ကိုယ့်ပုံရိပ်ကိုတစ်ချက်ကြည့်​လိုက်ရင်း အဝတ်လဲခန်းထဲမှာ ကျန်​ခဲ့တဲ့ ယုန်ငဆိုးက​လေးအ​ကြောင်းကို ​တွေး​နေမိသည်......

တကယ်ဆိုရင် Dryerနဲ့ ဘလိုင်းကြီး မိတ်ဆက်ခံလိုက်ရတာက ကျွန်​တော်​လေဗျာ........ စိတ်ဆိုးသင့်ဆိုးရမယ်ဆိုရင် ကျွန်​တော်က​​တောင် စိတ်ဆိုးရမှာကို.....

ကျွန်​တော်ချစ်မှန်းသိလို့ တကယ်ကို ပိုပိုဆိုးလာတဲ့​ ယုန်ဆိုးက​လေးပါဗျာ~~~

အဲ့​ဒီ ကောင်​ကလေးကို ကျွန်​တော့်မယ် ချစ်လည်းအ​​တော်ချစ်ရသလို တစ်ခါတစ်​လေကျရင်လည်း ခုလို​တွေ ဂျစ်ကန်ကန်​နဲ့ အရမ်းဆိုးလွန်းလို့ တအားအမြင်ကပ်ပစ်လိုက်ချင်စရာ​​ အခိုက်အတန့်​​လေးတွေလည်း ရှိရပါတယ်.......

တမ​အေတဖ​အေထဲ ​မွေးထားတဲ့ ​မွေးချင်း​​​မောင်နှမတွေတောင် တစ်ခါတစ်​လေ မတည့်တာ​မျိုးတွေရှိ​တတ်ကြတော့ ကျွန်​တော်တို့က ​မိဘချင်းကစလို့ ဘာမှသွေးသားမ​တော်စပ်တဲ့ သူစိမ်း​တွေ​မဟုတ်လားဗျာ........

အဲ့ဒီလို သူစိမ်းနှစ်​ယောက်ကြားမှာ စိတ်ချင်းမတိုက်ဆိုင်​တာ ၊ တစ်ခါတစ်​လေ နှစ်ဦးနှစ်ဖက်နားလည်မှုရယူကြဖို့ ခက်ခဲရတဲ့အခါ​တွေ ရှိလာရတာက သဘာဝကျမယ်ထင်ပါတယ်......

သူက​တော့ ကျွန်​တော်ချစ်မှန်းသိလို့ ဆိုး​တာမျိုးဆိုပေမယ့် တစ်ခါတစ်​လေ ကျွန်​တော်လည်း ​ကျွန်​တော်တို့နှစ်​ယောက်ရဲ့ Couple Relationship ဆက်ဆံ​ရေးကို အထိအခိုက်နည်း​အောင် ၊ နှစ်ဦးနှစ်ဖက်ပြေလည်​အောင် အတတ်နိုင်ဆုံးညှိယူရင်းနဲ့ ပင်ပန်းလာရတဲ့အခါတွေလည်း ရှိတာ​ပေါ့​​​လေ........

အဲ့​တော့ဗျာ.....ဒီ​​နေ့ တစ်​နေ့​တော့ သူ့ သူငယ်ချင်း​ကြီးတွေဖြစ်တဲ့ Wyaneနဲ့ Jameလည်း သူ့အနားမှာရှိ​နေ​ပေးတာ​ကြောင့် သူ့ သူငယ်ချင်း​တွေနဲ့ပဲ လွတ်​ပေးထားလိုက်ဖို့ ဆုံးဖြတ်ထားလိုက်သည်.....

အဲ့ဒီ Saintsupဆိုတဲ့ ကောင်ဆိုး​ကလေးက ​သူစိတ်​ကောက်လို့မဝ​သေးမချင်း ကျွန်​တော့်ကို သူ့အနားအကပ်ခံမှာ မဟုတ်ဘူးဆိုတာကို ကျွန်​တော်သိလို့​​ပါ......

Classic Love 🖤 ❤Where stories live. Discover now