☕ ❤ Universe Part 49

547 40 66
                                    

❤🏰 ​ညကတည်းက ကိုကို​ပေးမယ့် လက်​​ဆောင်ကို ရင်ခုန်ရတာနဲ့ နှိုးလိုက် ပြန်အိပ်လိုက်လုပ်​နေရင်းက​နေ ကျေးငှက်က​လေး​တွေတွန်ကြူး​နေတဲ့ အသံက နားထဲ ပျံ့လွင့်လာ​တော့ မိုးလင်း​နေတာသိရလို့ ကိုကိုမနှိုးခင် ကြိုနှိုးလာရပြီ........

ခါးတစ်ဝိုက်​ပေါ်မှာ တင်ထားတဲ့ သူ့လက်ကြီး​တွေထဲက​နေ ရုန်းမရ​​တော့ ​မှောက်ရက်အ​နေအထားနဲ့ အိပ်​​မောကျ​နေတဲ့ သူ့မျက်နှာ အ​သေးစိတ်ကို ​အနီးကတ်ငေးကြည့်​နေလိုက်သည်.........

မကျဥ်းမကျယ် နဖူးပြင်ရယ် မျက်ခုံးကလည်း​ကောင်းပါ့ဗျာ......
မျက်လုံး​တွေ မှိတ်ချထား​တော့ မျက်​တောင်ရှည်​တွေကို​ ပို​တွေ့ဖူးရပြီ......

ကြည့်​နေရင်း မျက်​တောင်ရှည်​တွေကို မနာလိုတာအဟုတ်ဗျာ....... သူတို့က ကျွန်​တော်သိပ်ချစ်ရတဲ့ မျက်လုံး​တွေနားမှာ အမြဲတမ်းကို ယှဥ်တွဲ​နေခွင့်ရထားတာမလား........

သိပ်ချစ်တာ​တွေကို သိရ​လေ​လေ ဖြစ်နိုင်ရင် သူနဲ့ပတ်သတ်သမျှ အရာအားလုံး ကျွန်​တော်ပဲဖြစ်ချင်မိတဲ့စိတ်က တစ်ချက်ချက် ဖြစ်လာရတာမျိုးပါ......

ဆက်ကြည့်​နေ​တော့မှ နှာ​ခေါင်းထိပ်က ထင်း​နေတဲ့ မှဲ့နက်​လေး.........

​နေရာအနှံ့အပြား​ပေါက်တဲ့ မှဲ့​တွေကို မြင်ဖူး​ပေမယ့် အဲ့ဒီ နှာ​ခေါင်းထိပ်​လေးမှာပါတဲ့ မှဲ့နက်​ သေး​သေး​လေးက ကျွန်​တော် ရင်အခုန်ရဆုံး အစိတ်အပိုင်း​လေးတစ်ခုပါ......

တအားလည်း အသည်းယားပြီး စဥ်းစားမိတာ ဘာလို့ အဲ့နား​လေးမှာမှ ပါရတာလဲဆိုပြီး​တော့​လေ..........

မ​နေနိုင်​တော့တဲ့အဆုံး လက်ညိုး​လေးနဲ့ အသာ မှဲ့နက်​လေးကို တို့ထိ​နေ​တော့မှ ထွက်ကြလာတဲ့ အသံ​ကြောင့် လူက ဘာပြန်​ပြောရမယ်မသိ.........

🖤 : အင်းးးးးး က​လေး~ ဝပလား ​​ဆော့လို့ ပြီး​ရောပြီးပြီလား စူးစမ်း ​တွေး​တောကြည့်လို့......

❤ : ဟာ နှိုး​နေတာကို မထဘူး​ပေါ့.....

🖤 : အဟား ဘာလုပ်မှာလဲ သိချင်လို့ကို......
ကို့​ပေါ်လက်​ထောက်ပြီး မျက်နှာ အမူအရာ အမျိုးမျိုးနဲ့ စကြည့်​နေကတည်းက ကိုက နှိုး​နေပြီးသား......

Classic Love 🖤 ❤Where stories live. Discover now