☕Love Museum❤ Part 92(F)

126 12 133
                                    

❤🌇 Pizza တစ်ချပ်ဝင်ဝယ်ပြီး ကားပြန်မထွက်ခင် သူ့ဆီကိုဖုန်းထပ်ဆက်ကြည့်​လိုက်ပေမယ့် အချည်းနှီးပင်.......

ဖုန်း​လေး​တော့ ကိုင်သင့်တယ်မလားဗျာ........​ဖေ​ဖေတို့လည်း ကျွန်​တော်မနက်က ဖြစ်ထားတာ​တွေ ၊ အလုပ်အဆင်မ​ပြေတာ​တွေကို ခင်ဗျားကို​ လှမ်းပြော​လောက်မှာပါ.........

ဒါကို​တောင် ခင်ဗျားက ဘယ်လိုမှမ​​နေတော့ဘူးလားဗျာ........

ကျွန်​​တော်ကအရင် ခင်ဗျားနားက​​နေ ထွက်လာခဲ့တာ​ကြောင့်လား...... ခင်ဗျားပဲ ကျွန်​တော်အဲ့လို​ပြော​တော့ ကျွန်​တော့်ကို နားလည်ပါတယ်ဆို....... ဟမ်..... ထွက်မသွားဖို့ မတားခဲ့တာ ကျွန်​တော့်လွတ်လပ်ခွင့်မို့လို့ပါဆို........

ခုလိုပစ်ပယ်ထားတာက​ရော ခင်ဗျားရဲ့ လွတ်လပ်ခွင့်ဖြစ်​နေတာလား?????

ကျွန်​​တော့်မှာ​လေ အ​ကြောင်း​ကြောင်း​နဲ့ ခင်ဗျားဆီကို ပြန်လာလို့မရ​သေးတာ​​ကို ခင်ဗျားသိရဲ့လား.........ကျွန်​​တော် ခင်ဗျားကို ဘယ်​​လောက်လွမ်း​နေရလဲဆိုတာကို ​ပြော​တောင်မပြ​တတ်​တော့တဲ့အထိပဲဗျ........

ပင်ပန်းလိုက်တာဗျာ.......ခင်ဗျားကို လွမ်း​နေရတာ အရမ်းပင်ပန်းတာပဲ........

​ပေါက်ကွဲထွက်လုမတတ် နာကျင်မှု​တွေက ရင်ထဲမှာ တအားပြွတ်သိပ်​နေ​ပေမယ့် မျိုသိပ်နိုင်မှုက ပိုအား​ကောင်း​ရတော့ "အား"ဆိုတဲ့ ​အော်ဟစ်သံတစ်သံ​တောင် ထွက်ကျမလာခဲ့.......

ကိုယ့်နှုတ်ခမ်းကိုဖိကိုက်ထားရင်း ကိုယ့်ရင်ဘတ်ကိုခပ်ဆဆထုကာ နာကျင်မှု​တွေကို မ​တွေးမိ​အောင်ကြိုးစားကြည့်​​ပေမယ့် ဘယ်လိုမှမရ.......

ဖုန်းထုတ်ပြီး ထိုင်းမြေပုံကို တစ်ချက်ကြည့်​​ရာ Bkkနဲ့ချင်းမိုင်အကွာအ​ဝေးက ဖုန်းထဲမှာ​​တော့ လက်ညိုးတစ်​ထောက်စာပဲ​ဝေးသည်.......

ဖုန်းထုတ်ပြီး ထိုင်းမြေပုံကို တစ်ချက်ကြည့်​​ရာ Bkkနဲ့ချင်းမိုင်အကွာအ​ဝေးက ဖုန်းထဲမှာ​​တော့ လက်ညိုးတစ်​ထောက်စာပဲ​ဝေးသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Classic Love 🖤 ❤Where stories live. Discover now