☕Cosmic Rays❤ Part 84(A)

152 18 166
                                    

🏰 🌧 တဖျောက်ဖျောက် ကျဆင်းနေတဲ့ မိုးစက်မိုးပေါက်တွေက နံနက်ခင်းရဲ့ ရောင်နီအလင်းတန်းတို့ကို ဖုံးကွယ်ထားကြသည်........

စံအိမ်အပေါ်ထပ် ဝရန်တာမှာတော့ လျှပ်ကူးနိုင်မှုကို အံတုထားရင်း ကြိုးစားပြီးဖုန်းပြောနေတဲ့အသံ တိုးလျလျက မိုးစက်မိုးပေါက်တို့နဲ့အပြိုင် ထွက်ပေါ်လို့...........

🖤 : Ella! ဟာ နင်အိပ်နေတုန်းလားဟ.....

🧵 : အင်း.....4ခွဲရှိသေးတယ်....ဘယ်သူလဲ~ ငါက ဒီချိန်ကြီး မအိပ်နေလို့ ဘာလုပ်ရမှာလဲ~~~~

🖤 : ကျစ် အေးကောင်းတယ် မနေ့က မွေးနေ့မှာကဲကောင်းပြီး နင်လုပ်နေလိုက်!! ခုလည်းမိုးအေးအေးနဲ့ အိပ်ကောင်းနေတယ်ဟလား......

နင့်သူငယ်ချင်းကြီး ငါက ဒီမှာသေတော့မယ်......

🧵 : ဟမ် ခုပြောနေတာ အဖေလား???

🖤 : အေး အတော်ကို လစ်နေတာပဲ.... အေးဟုတ်တယ် နင့်အဖေ Perth!!!ကဲ ငါပြောပြီ......

🧵 : အမ်...အောင်မလေး Perth! အမလေး Perth Tanapon....ဟာ နင် စောစောစီးစီးကိုဟာ ဘာလဲဟ..... Birthday Girlဖြစ်တဲ့ ငါ မနေ့က ပွဲဆက်များပြီး လစ်ထားတယ်လေကွာ...... သေအောင်လို့ ခုမနက်အစောကြီးကို ဖုန်းဆက်ပြီးလာနှိုးနေတာလား.......

🖤 : ကျစ် ဒီမှာမိုးရွာနေတယ်လေဟ..... ဒီ ည လ မမြင်ရရင် ငါလုပ်ခိုင်းထားတာကြီးက ဒီတစ်ရက်ကြောင့် အကုန်ရေစုန်မျောမှာပေါ့...... ငါသေမလိုဖြစ်နေတယ်ဆိုတာ အဲ့ဒါကြီးလေ...... အဲ့ဒါဘယ်လိုလုပ်မှာလဲ နင်စဉ်းစားပေးဦး.......

🧵 : ဟာကွာ....ဘာများလဲလို့ Perth ရာ....ရွာနေတဲ့မိုးကို တက်တားပေးတိုင်း ရရအောင် ငါက သိကြားမင်းအမျိုးမို့လို့လား.......အသံကလည်း ကျယ်ကျယ်ပြောစမ်းပါဟယ် ဒီဘက်မှာလည်း မိုးသံနဲ့ ဘာမှမကြားနေရတဲ့အထဲ.......

🖤 : Surprise ကိစ္စလှမ်းတိုင်ပင်နေတာကို ငါက လော်ယူပြီးတော့ အော်ပြောနေရဦးမှာလား မိEllaရ.......ခုတောင် သူအိပ်နေတုန်း ငါ နင့်ဆီ ဖုန်းခိုးဆက်နေရတာ.......လွယ်တယ်ထင်နေ!!

🧵 : ခေါင်းမှ ကိုက်နေရတဲ့အထဲ နင်က စောစောစီးစီး ခေါင်းလည်းလာစားခိုင်းသေးတယ်..... ခုကျလည်း လာအော်နေပြန်ပြီဟယ်........

Classic Love 🖤 ❤Kde žijí příběhy. Začni objevovat