☕ ❤🗼True Love Part 31

766 65 55
                                    

❤ Non-stop flight ဖြစ်လို့ Bkk က​နေ ည9နာရီကတည်းက​ စထွက်ပြီး လေယာဥ်​ပေါ် မှာ၁၁နာရီခွဲ ကြာပြီး​​နောက် အချစ်မြို့​တော်လို့ သတ်မှတ်ကြတဲ့ Paris မြို့ကြီးကို ​ရောက်ရှိရပြီ..........

​လေယာဥ်ဆိုက်တဲ့ချိန်က Bkk မှာဆို မနက်9နာရီဖြစ်​ပေမယ့်🗼 Paris မြို့မှာဆို မနက် 3နာရီအချိန်​လေ........

​12နာရီနီးပါး ​(နေ့တစ်ဝက်​လောက်ထိ) ​လေယာဥ်စီးထားရတာ​ကြောင့် အ​ညောင်းမိတာကကိုင်ရိုက်ထားသလိုပင်.....Hotelကို ​ရောက်သည်နဲ့ ကုတင်​ပေါ် ပစ်လှဲချလိုက်ရပြီ.........

ခဏ​လောက်​မှေးလိုက်​တော့မှ နှုန်း​​ခွေ​နေတာ နည်းနည်း သက်သာသည်မို့ ​လန်းသွား​အောင် ရေမိုးချိုးဖို့ ပြင်ရ​တော့သည်.......

🖤🏰 Bkkက​နေ ချင်းမိုင်ကို ​မ​နေ့ည 10နာရီကတည်းက တောက်​လျှောက်​မောင်းလာကြသည်မို့ ဒီနေ့မနက် 8နာရီ​လောက်​ရောက်​တော့ စံအိမ်ကို ပြန်​ရောက်ရပြီ.......

စံအိမ်ကို​ရောက်သည်နဲ့ ခရီးပန်းထားတာ​ကြောင့် ခဏလှဲပြီး နှိုးလာလို့ အခန်းတံခါးက ​နေ​ရောင်ခြည်တို့က အနည်းငယ် ပူ​နေတာ​ကြောင့် နာရီကို ကြည့်လိုက်​တော့ 11နာရီ​တောင်ရှိ​တော့မယ်​လေ......

မနက်စာလည်း လွတ်ပြီး ​ခေါင်းလဲကိုက်​နေတာ​​သေးတာကြောင့်​ ​ရေမိုးချိုးပြီးတာနဲ့ ​​​နေ့လည်စာ စားဖို့ပြင်ရ​တော့သည်......

​နေ့လည်စာ စား​သောက်ပြီး​တော့မှ နာရီကို ကြည့်လိုက်​တော့ ​နေ့လည် 12နာရီ​ရောက်​နေပြီမို့ ကျွန်​တော့်အသက်က​လေး တည်ရှိရာက ကျွန်​တော်​တို့​နဲ့ဆို အချိန်က 6နာရီ ​စောတယ်​လေ..... ခုမှ မနက်6နာရီပဲ ရှိဦးမှာ​​​ပေါ့.....

🖤 📲 : Morning My Ruby 😘❤

ကျွန်​တော့်က​လေးဆီ စာလှမ်းပို့ထားရင်း အလွမ်း​တွေ တနင့်တပိုးနဲ့ ကိုယ်​ရေးထားတဲ့ Emoji​လေးကို ကြည့်ပြီး ပြုံး​နေရ​သေးသည်.......

Reo : ဆရာ!!!

​အလိုက်အလွန်သိပါတဲ့ နှစ်​ထောင်ချီ FA Reo​ကြောင့် အချိုမြိန်ဆုံး အ​တွေးက​လေး​တွေ ကြက်​ပျောက်ငှက်​ပျောက် ဖြစ်ရပြန်ပြီ​လေ.....

Classic Love 🖤 ❤Where stories live. Discover now