☕Love Museum❤ Part 92(E)

119 10 146
                                    

🍷🏰 မီးသီးရယ် ​၊ ကောက်ကွေးရယ်၊ ကျွန်​တော်ရယ် ၃​ယောက်သား အတူတူ​ခေါင်းချင်းဆိုင်ပြီး အ​ကောင်းဆုံး​ ရွေးချယ်တွဲစပ်​ပေးထားတဲ့ ဝိုင်စာရင်းကိုယူကာ ကိုယ့်ဆရာကိုပြဖို့လို့ ရုံးခန်းကိုသွား​နေရင်းနဲ့ အကြမ်း​ရေးထားတဲ့ စာရွက်ကိုတစ်ချက်ပြန်ကြည့်လိုက်​တော့ စိတ်ထဲမှာ သိပ်ဘဝင်ကျ​မနေ...........

ကိုယ့်ဆရာ့ဆီကို ဒီစာရင်းကြီးအတိုင်းသွားပြီး​တော့ တင်ပြလိုက်ရမှာထက်စာရင် ဒီဇိုင်း​သမားတစ်​ယောက်နဲ့အတူ အကြမ်းဒီဇိုင်းပုံစံလောက်ဖြစ်ဖြစ်ဆွဲပြီးမှပဲ သွားပြလိုက်တာက အခုထက်ပိုပြီး​တော့အဆင်​ပြေမယ်လို့​တွေးရင်း.........

ရွေးချယ်တွဲစပ်ထားတဲ့ ဝိုင်စာရင်းကို ဆရာ့ဆီသွားမပြ​ရသေးခင် Designဌာနကိုအရင်ဝင်ကာ အကြမ်းဒီဇိုင်းအရင်ထုတ်​ပေးဖို့လို့ ​ပြောရသည်.........

Designဌာနမှာ အဖွဲ့သား​တွေနဲ့ တစ်ချက်တိုင်ပင်ညှိနှိုင်းရင်း ကိုယ်လိုချင်တဲ့ပုံစံတစ်ချို့ကို​ ဖြည့်စွက်ပြောပြကာ တစ်ခါထဲထိုင်​စောင့်ပြီး ယူသွားမှာဖြစ်​ကြောင်း​ပြော​လိုက်​တော့ နဂိုကတည်းက ဆီဝ​ထားပြီးသား စက်က​လေး​​တွေဟာ ပိုပြီး​တော့သွက်လက်လို့......

သူသူငါငါ ပြေးကြလွှားကြရင်းနဲ့ လုပ်ရမယ့်အလုပ်​တွေကို တာဝန်​အလိုက် ကိုယ်စီအညီအမျှခွဲ​ဝေယူကြရင်း အလုပ်​တွေလုပ်လိုက်ကြတာဆိုတာဗျာ.......

ကိုယ်လုပ်ရမယ့် အလုပ်ကို စိတ်ဝင်တစားနဲ့ ကိုယ့်တာဝန်​ကိုယ်ကျေ​ပွန်အောင် အ​ကောင်းဆုံးကြိုးစား လုပ်ကိုင်​နေကြတဲ့ ဒီလူငယ်​​လေးတွေကို ကြည့်ရင်း ပီတိ​များစွာနဲ့ ​ချီးကျူးရသလို ဒီလိုလူငယ်​တွေကို ရွေးချယ်ပြီး​တော့ ခန့်အပ်ထားခဲ့တဲ့ ကျွန်​တော့်ကိုယ် ကျွန်​တော်လည်း ကြိတ်ပြီး​တော့ချီးကျူးရ​သေးသည်......

တစ်ခဏကြာ​တော့ သူတို့​တွေလည်း ဒီဇိုင်းအကြမ်းဆွဲပြီးကြပြီဖြစ်လို့ ဆွဲပြီးတဲ့ အကြမ်းဒီဇိုင်းကို အရင်ထုတ်​ခိုင်းလိုက်ပြီး ဒီဇိုင်းသမားတစ်​ယောက်ကို​ခေါ်ကာ ကိုယ့်ဆရာဆီကို သွား​တွေ့ဖို့ ပြင်ရပြီ........

Classic Love 🖤 ❤Where stories live. Discover now