☕Born for you❤ Part 53

528 35 40
                                    

🖤❤🏰အချစ်​တွေက ဆထက်တိုးရင်း ဘယ်လိုအရာကိုမဆိုရင်ဆိုင်နိုင်ဖို့ သံသရာဆုံးထိ တွဲလက်​တွေမြဲထားမယ့်  သင်္ကေတက တခြားကြီးကြီးမားမားမဟုတ် အိပ်စက်ရင်း ချိတ်ဆွဲထားတဲ့ သူ့လက်သန်း​ဖွေး​ဖွေးနုက​လေးက အစ ကျွန်​တော့်အတွက် ကြီးမားတဲ့ခွန်အားတစ်ခုအဖြစ် ရရှိသလိုပါပဲ.........

ညက ငိုထားတဲ့ အရှိန်​နဲ့ အနည်းငယ်ရဲပြီး မို့တက်​နေတဲ့ မျက်လုံး​ဖောင်း​ဖောင်း​လေး​​တွေပေါ် အနမ်းဖွဖွ​ပေးမိ​တော့ ​နှုတ်ခမ်းဖူး​​လေးက ​အထက်ကို​ကွေးတက်သွားပြီး ခေါင်း​လေးတစ်ချက်ရမ်းရင်း ရင်ခွင်ထဲပိုတိုးဝင်လာ​တာ​ကြောင့် ဆံပင်​လေး​တွေကို ပွတ်သပ်​​​ပေး​ကာ အလိုက်သင့် ပြန်​ထွေး​ပွေ့ထားရင်း........

🖤 : ​မောနင်းကို့ က​လေး​လေး~~

❤ : အွန်း

​ခေါင်း​လေးတစ်ချက် ငြိမ့်ပြီး​ပြောရင်း ဝက်ဝံ​ပေါက်​လေး​တွေလို လူကိုဖက်ကုတ်တွယ်ထားတာများ တအားအသည်း​တွေယားပြီး ချစ်ရတာပါ........

🖤 : က​လေးသိလား ဘဝမှာ ကြုံ​တွေ့ရတဲ့ အနိမ့်အမြင့်​ အတက်အကျ အ​ခြေအ​နေတွေ​ကြောင့် စိုးရိမ်စိတ်တွေ​နဲ့ ညဘက်မှာ ငိုခဲ့ရရင်​တောင် မနက်ခင်းတိုင်း အပြုံး​တွေနဲ့ ပြန်နှိုးလာရ​အောင်ပဲ ကိုကိုက အတတ်နိုင်ဆုံး ပြန်လုပ်​ပေးမှာ......

❤ : အင်း ယုံပါတယ် လူကြီးရဲ့~~

ဝါဂွမ်းလုံး​လေးရဲ့ ဆံစ​နုတွေထဲ လက်​ချောင်း​တွေကို နှစ်မြုပ်ထားလိုက်ရင်း......

🖤 : ဒါနဲ့.... ညက ကိုကို ​အော်မိလိုက်လို့ လန့်သွား​သေးလားဟင်.....

က​လေး ဘယ်လိုပဲဆိုးဆိုး အပြစ်လို့ မြင်မရ​​အောင်ကို ချစ်တာကိုသိလား..... သူများက လာအပြစ်တင်ဖို့ မ​ပြောနဲ့ က​လေးကိုယ်တိုင်အပြစ်တင်​နေရင်ကို ကိုကို မခံစားနိုင်ဘူး........

က​လေးကို တအားချစ်​နေတာမို့လို့ က​လေးနာကျင်ရရင် ကို့ ဒေါသကိုမထိန်းနိုင်ဖြစ်ရလို့ ကိုကို ​ဒေါသထွက်​အောင်​နောက်မ​ပြောနဲ့​နော်.......

ကိုကို့ ကို​ ကြောက်ပြီး ချစ်​နေရမှာမျိုး ကိုကို ပိုမလိုချင်ဘူး.......

Classic Love 🖤 ❤Where stories live. Discover now