☕Love Museum❤ Part 93(L)

191 12 130
                                    

❤🏰 ကိုကို ​ကော်ဖီတုံးက​တော့ Resinလုပ်တဲ့ပစ္စည်း​တွေနဲ့ ဘာ​တွေအလုပ်ရှုတ်​နေသလဲ မသိ......

ကျွန်​တော်လည်း လုပ်လက်စ ကြိုးပန်းချီ​လေးကို Milo​ကြီးဝင်​ဆော့​နေတဲ့ကြားထဲက​နေ မနည်းလက်စသတ်​နေရသည်.......

တစ်ခုခုကို အာရုံစိုက်ပြီးလုပ်ရပြီဆိုရင် ဗိုက်ကလည်း ပိုပိုပြီးဆာ​လာတော့တာပါပဲ.....

လုပ်​နေတာက မပြီး​​ပြတ်သေး​တာရယ် ပြီးချင်​ဇောကလည်းကတ်​နေ​​တော့ မထချင်နဲ့ ​တော်​တော်ကို ဒုက္ခများရပါတယ်ဗျာ......

🖤🏰 လိုအပ်တာ​လေး​တွေ ထပ်သွားယူပြီး နှင်းဆီပန်းတစ်ပွင့်နဲ့ နှင်းဆီပွင့်ဖတ် ၉ဖတ်ကို Resin​လေးထဲ​သေချာထည့်ကာ လုပ်ရိုးလုပ်စဥ်အတိုင်း ​တဆင့်ချင်းစီ ဖြည်းဖြည်းနဲ့​မှန်မှန်လုပ်သွားလိုက်ရပြီ......

တိတ်ဆိတ်​နေတဲ့ အခန်း​လေးထဲမှာ နှင်းဆီရနံ့​တွေက​​တော့ အရှိန်အဟုန်နဲ့ ပျံ့လွင့်​လို့.....

အဲ့ဒီFresh Cut Rose ဖ​ယောင်းတိုင်​လေးဆီက​​နေ ထွက်ပေါ်​နေတဲ့ အ​​​မွှေးရနံ့​​တွေကို ခပ်ဝဝရှူရှိုက်​လိုက်မှပဲ တ​နေကုန် စိတ်​ရောလူပါ ပင်ပန်း​​ထားရသမျှတွေကို သင်းပျံ့တဲ့နှင်းဆီရနံ့​တွေက သက်သာ​အောင် ကုစား​ပေး​နေသလို......

နှာဖျားဝမှာလာရစ်တွယ်​နေတဲ့ အဲ့ဒီနှင်းဆီရနံ့​လေးကို ရှူရှိုက်​နေရင်းနဲ့မှ ဒီနှင်းဆီရနံ့ကို ရင်းနှီး​နေသလိုရှိသည်.....တစ်​နေရာရာမှာ ဒီနှင်းဆီရနံ့ကို ကျွန်​တော်ရဖူးသလိုပဲ......

အ​တွေးထဲမှာတင် အဲ့ဒီနှင်းဆီရနံ့ကို ​​သေချာခွဲခြမ်းစိတ်ဖြာကြည့်​လိုက်တော့ ရံဖန်ရံခါမှရတတ်တဲ့ ကျွန်​တော့်အသည်းအသက်ကလေးရဲ့ ကိုယ်သင်းရနံ့မွေးအီအီ​လေးနဲ့​ သွားပြီး​တော့ဆင်​နေတာဖြစ်​နေသည်.......

တခဏကြာ​ပြီး​တော့မှပဲ လုပ်လက်စResin​လေးကို အပြီးသတ် Resinအရည် တစ်ထပ်​လောင်းချလိုက်ပြီးလက်စသတ်ကာ နာရီကိုတစ်ချက်ကြည့်လိုက်​​တော့ ၁၀နာရီ​တောင်ခွဲတော့မည်.......

၂​ယောက်သား အမှတ်တရပစ္စည်း ကိုယ်စီလုပ်​​​ကောင်း​နေတာနဲ့ ညစာ​တောင်ငတ်​တော့မှာပဲ......

Classic Love 🖤 ❤जहाँ कहानियाँ रहती हैं। अभी खोजें