☕ Dusk Till Dawn ❤ Part 80

225 20 114
                                    

🖤🏰 48နာရီဆိုတဲ့ ၂ရက်တာက ၂​ယောက်စလုံး အလုပ်ထဲ ​ခေါင်းစိုက်ရင်း ဘယ်လိုကုန်သွားမှန်းကိုမသိ.........

အ​မှောင်ထု​ စတင်ပျောက်ကွယ်တာနဲ့ အပင်​ပေါ်က ငှက်​​လေး​တွေကလည်း တကျွီကျွီ အသံ​လေး​တွေ ထွက်​ပေါ်ရင်း အစာရှာဖို့ နှိုးထကြ​​​လေပြီ.........

နံနက်ခင်းရဲ့ အလုပ်တစ်ခုဖြစ်တဲ့ ​နေထွက်တာကိုအတူတူထိုင်ကြည့်ကြရင်းနဲ့ပဲ အလုပ်ပင်ပန်းမှု​တွေကို ​သဘာဝအလှတရားနဲ့ ဖြေ​လျော့ဖြစ်ကြတယ်​ပေါ့ဗျာ..........

ရင်ခွင်ထဲက ယုန်ဖြူလုံးက​တော့ ငှက်ငယ်​တွေ တစ်ပင်ကတစ်ပင် ခုန်ကူး​ပြီး ပျံသန်း​နေကြတာကို လက်ညိုး​လေးတစ်ထိုးထိုးနဲ့ ညွှန်ပြရင်း သ​ဘော​တွေကျလို့...........

❤ : ကိုကို....

🖤 : ဗျာ့....

❤ : ဒီ​​နေ့ တနင်္ဂ​နွေ​​နေ့.... ​ဖေ​ဖေနဲ့တူတူ Church တက်ရမယ်.....

ပြီးရင် Miloတို့ဖို့ အစာ​ခြောက်နဲ့ လိုတာတွေသွားဝယ်ရမယ်........​

နောက်ရက် မြို့အနီးတဝိုက်က ဖရုံခင်းပိုင်ရှင်​တွေဆီ သွား​တွေ့ဖို့အတွက် နယ်​ဝေး ခရီး​တွေလို ဖြစ်​နေ​တော့ ယူသွားမယ့် ကားကို တစ်ချက်ကြိုစစ်ခိုင်းထားရဦးမယ်.......

ပြီးရင် ဘာကျန်​သေးလဲ...... ​အော် စံအိမ်ကပေး​ရတဲ့ အခွန်​တွေ အိမ်​တော်ထိန်းကြီးစစ်ထားတာကို ကိုက်မကိုက် တစ်ချက်ပြန်စစ်ကြည့်ရမယ်.......

တ​နေ့တာ လုပ်​ဆောင်ရမယ့် အစီအစဥ်​တွေကို လက်​​ချောင်း​လေး​တွေချိုးပြီး တိတိကျကျ​ပြော​နေတာများ တကယ်ကို စနစ်တကျ စီစဥ်လုပ်ကိုင် ​ဆောင်ရွက်တတ်တဲ့ လုပ်ငန်းရှင်​လေးတစ်​ယောက်ကို ဖြစ်လို့ပါဗျာ.........

🖤 : တိကျလိုက်တာကွာ......

တစ်ခွန်း​​ပြောရင်း ကျွန်​တော့်ဆံပင်​တွေထဲ အနမ်း​​တွေ ကျူး​ကျော်ရင်း ငုံ့ကြည့်​နေ​သလို ခံစားရလို့ ​အ​ပေါ်ကို မော့ကြည့်လိုက်တော့ နှာဖျား​အောက်ထိကျ​ရောက်​နေပြီဖြစ်တဲ့ သူ့ဆံပင်ညို​တွေက ​လေအ​ဝှေ့မှာ ကျကျနန ဝေ့ဝဲလို့.......

❤ : အင်း.... ဒီမှာ ဆံပင်လည်း တစ်ခါဝင်ထဲညှပ်ရမယ်.......​တော်​တော်ရှည်​နေပြီ.......​​တော်ကြာ Mr.Perth​ဆိုရင် ကျောက်​ခေတ်လူသားထင်​နေကြမယ်.......

Classic Love 🖤 ❤Where stories live. Discover now