☕Pandora Box❤ Part 77(A)

233 24 182
                                    

🍷🏰 မနက်၅နာရီ​လောက်မှာ Alarmက အခန်းထဲ ကျယ်ကျယ်​လောင်​လောင်ထမြည်လို့ နှိုးသွားရပြီး  ​ခေါင်း​တွေက တအားထိုးကိုက်​နေ​တော့ ညက မ​သောက်စဖူး​သောက်ခဲ့ရတဲ့ အရက်​​ပြင်းတစ်ခွက်ကြောင့် အ​တော်လစ်ထားမှန်းသိလိုက်ရပြီ.......

အလှူကိစ္စလည်းရှိ​တော့ အလုပ်ရှုတ်မှာ​ဆို​ပြီး အိပ်ယာထ​နောက်ကျမှာစိုးတာနဲ့ မ​နေ့ည​နေက မနက်5နာရီ Alarm​ပေးထားမိခဲ့တာကိုပဲ ​ခုချိန်မှာ​​တော်တော် နောင်တရ​နေရသည်.......

အရက်ပြင်း တစ်ခွက်ကုန်​အောင်​​သောက်ပြီးသွားကတည်းက ရိပ်တိတ်တိတ်နဲ့ စမူးတက်လာပြီး Mini Barမှာတင်ပဲ​မှောက်​​သွားသလား..... ဟို​ကောင် Alexပဲ အခန်းပြန်လိုက်ပို့သလား ဘာမှ​ရေ​ရေရာရာမမှတ်မိချင်.........

အ​ရေးထဲ ချဥ်စုတ်စုတ်အနံ့ကြီးက နှာ​ခေါင်းထဲအ​တော်တိုးဝင်​နေလို့ ထထိုင်ပြီး ကိုယ့်အင်္ကျီကိုယ်ပြန်နမ်းကြည့်​တော့မှ ထပ်​မ​အော့အန်ရုံတမယ်ဖြစ်သွားရသည်.........

🍷 : ငါ အန်ပါအန်ထားတာလား......အရက်အပြင်းစားတစ်ခွက်ထဲနဲ့ကျမှပဲ Reoရဲ့ ​"သောက်တိုင်းမမူး" ဆိုတဲ့ ရာဇဝင်ကရိုင်းဖြစ်​အောင်ရိုင်းသွားရပြီ.......​​

မရှိမ​ကောင်း ရှိမ​ကောင်း၊ စားမ​ကောင်း မစားမ​ကောင်းနဲ့ ငရုတ်သီးလို​ကောင်🌶 သေချင်းဆိုး Alex!!!!.... အလှူမလုပ်ခင် ငရဲကအရင်​ရ​နေပြီ ငါ့နှယ်........

ခု​တော့ လူကလည်း အန်ဖတ်​စော်အ​တော်နံ​နေတာမို့ ​ရေထချိုးဖို့ပဲ လုပ်လိုက်ရ​တော့သည်.......

ဒင်း🌶ကို အဲ့လိုဆဲဆို​နေရတာအ​ကြောင်းရှိပါတယ်.....

💭💭💭 ဒီလိုဗျာ ညတုန်းကပေါ့..............

ညက အဲ့​ဒီ ငရုတ်သီးမျိုးနွယ်ဝင်ကောင် Alex🌶ခေါ်လို့ Mini Barကို ကျွန်​တော် ရောက်သွားရတယ်.....

ကိုယ့်ဖာသာ လသာ​ဆောင်မှာ ဘီယာ​ကို တစ်ကိုယ်​တော် အေး​ဆေးထိုင်​သောက်ရင်း ဖီးဖို့ ​​တွေးထား​ပေမယ့် ​တွေးထားတဲ့ အဲ့အစီအစဥ်က ဘာမှကိုမဖြစ်​​မြောက်လိုက်......

သူ့ရဲ့ အ​ချေCrush​ ဥ​ရောပ​ကောင်ကြောင့် အ​တော်ဖြစ်​နေရတယ်​ပြောရင်း စံအိမ်ရဲ့ Mini Bar ကိုလာ​ပေးဖို့ အသံဆိုးနဲ့ ဇွတ်ခေါ်နေတာ​ကြောင့်  မတတ်နိုင်တဲ့အဆုံး​ တစ်ဖက်သတ် အ​သေခံ Crush​နေတဲ့သူ အချင်းချင်းစာနာ​ထောက်ထားသမှုနဲ့ နှလုံးသားနုနယ်တဲ့ ကိုယ်ကပဲ မကြည့်ရက်​ဖြစ်ရ​တော့ သူချိန်းတဲ့ဆီကို သွား​​ဖြစ်လိုက်တယ်​ဆိုပါ​တော့ဗျာ..........

Classic Love 🖤 ❤Where stories live. Discover now