☕Merit Based Love❤ Part 66

424 26 131
                                    

🖤❤🏰 နဖူးပြင်ထိပ်နဲ့ ဆံစအဆက်နားက ပူခနဲ ပူခနဲဖြစ်​နေရပြီး ကိုယ့် ကိုယ်လုံး​ပေါ် ​မှာ တစ်ခုခုက တက်ဖိထားသလို လေးလံ​နေတာနဲ့ မျက်လုံး​တွေကို အတင်းဖွင့်ကြည့်မိ​တော့ ကျွန်​တော့် အသည်းကြီး ​ကော်ဖီခဲကြီးပေါ့.......

သူ့ရင်ခွင်ထဲထည့်ထားရင်း ကျွန်​တော့်နဖူး​ပေါ်ကဆံပင်​တွေထဲ အနမ်း​တွေနစ်ဝင်ထားပြီး အားရ​အောင် လူပေါ် ​ကို ခြေ​ထောက်​တွေ​ရော လက်​တွေနဲ့​ရောပါ ဖက်လုံးဖက်သလို ပစ်ခွထားရက်နဲ့ ဖက်အိပ်​နေတာများ တရွှီးရွှီး အသံ​တွေ​တောင် ထွက်လို့ပါဗျာ........

အိပ်​မောကျ​နေတဲ့ သူ့ပုံစံကို ရှုစားဖို့ရာ ရင်ခွင်ကျယ်ထဲက​နေ ​အသာအနောက်ကို နည်းနည်းဆုတ်​မိတော့ လူက အိပ်​​မောကျ​နေတာ​တောင် ကိုကို့ရဲ့ ဦး​နှောက်နဲ့နှလုံးသားက​တော့ အိပ်​မောကျမ​နေပါဘူး......

ကျွန်​တော့်တစ်​ယောက်ထဲအတွက်​ပေါ့​လေ....... ကျွန်​တော်လည်း ​နောက်အသာဆုတ်မိ​လိုက်တော့ သိုင်းဖက်​ပေးထားတဲ့ သူ့လက်​တွေက ကျွန်​တော့်​ကျောပြင်ကို အသာပွတ်​ပေးပြီး တစ်ချက်တစ်ချက် ခပ်ဖွဖွပုတ်​ပေးလို့.........

အတူတူအိပ်​နေတာ​ကို မသိစိတ်က​နေ​တောင် ကျွန်​တော့်ကို​တော့ မနှိုး​သွားစေချင်ဘူးတဲ့လား ကိုကိုရယ်.........

ကြည်နူးရိပ်အ​တွေး​တွေက ကခုန်​ပြကြ​တော့
တမြတ်တနိုးနဲ့ သူ့နှုတ်ခမ်းအဖျားစွန်း​ကို အသာတစ်ချက် ထိကပ်လိုက်​​ရင်း ပြန်ငေးကြည့်​​နေတော့မှ အိပ်​မောကျ​နေတဲ့ ကျွန်​တော့် လူကြီးက ပြုံးသွားလို့ဗျာ........

ကိုကိုဟာ ကျွန်​တော့်အတွက် သူ​ပျော်ရွှင်ရတယ်ဆိုရင် မျက်လုံး​တွေ ပိတ်​ကျအောင်ထိ ပြုံးတတ်တယ်.....
စီးပွား​ရေး​လောကနယ်ပယ်မှာ လူတကာ​​ကျော်မတက်နိုင်​အောင် ထိပ်ဆုံး​ဆိုတဲ့နေရာမှာ တစ်​ပြေး​နေရ​အောင် အမြဲတမ်းကြိုးစား​နေတတ်ပြီး ကျောက်​ဆောင်လို စိတ်ဓါတ်မာ​ကြောတဲ့ အသွင်နဲ့​ပဲ ​နေထိုင်တတ်တဲ့ ထိုလူသားက ကျွန်​တော်နာကျင်ရရင်​ ကျွန်​တော့်ရှိုက်သံတစ်ချက်ကြားလိုက်ရယုံနဲ့ ပြို​တော့မယ့် မိုးလို မျက်ရည်​တွေ တသွင်သွင်စီးကျ​လာတတ်တာပါပဲ.......

Classic Love 🖤 ❤Место, где живут истории. Откройте их для себя