☕Heart Area❤ Part 79

206 23 164
                                    

❤🏰 မိုး​သောက်ယံ ဝေလီ​ဝေလင်းအချိန်အခါ၌ ဧည့်ခန်းထဲတွင် တိုးလျလျ အသံနှစ်သံက အစီအရီ ထွက်​ပေါ်လို့.........

🍷 : ​ပြောလို့မဖြစ်လို့ပါကွာ...... ဆရာသိရင် P' ကို သတ်မှာ N'ရ......

❤ : P'တို့ တစ်ခုခုဖြစ်​နေတာ ကျွန်​တော်သိတယ်...... ဘာ​တွေဖြစ်​နေတာလဲ......ကျွန်​တော်လည်း Resortရဲ့ တွဲဖက် အုပ်ချုပ်သူဖြစ်​နေတာပဲကို သိခွင့်ရှိတယ်​ မဟုတ်ဘူးလား......

🍷 : ဟုတ်ပါတယ် ဒါ​ပေမယ့်....N'လည်း တစ်ဖက်မှာ N'အလုပ်ကိစ္စ​တွေနဲ့ N'​လေ..... ခုက P'တို့​ပဲ ဖြေရှင်းလို့ရတာတွေမို့လို့...... ဆရာက သူ့အလုပ်ကိစ္စ​တွေ​​ကြောင့် N'ကို မပင်ပန်း​​စေချင်တာ N'လည်းသိ​နေတာပဲကွာ......

သူ့စကားဆုံးတာနဲ့ ကျွန်​တော်လည်း သက်ပြင်းခပ်ကြမ်းကြမ်း တစ်ချက်ချ​လိုက်တော့ နှစ်ချို့ဝိုင်ကြီးခမျာ တန်းပြီး ပြာယာခတ်​​တော့သည်.........

🍷 : ဟို...ဟို....မင်း သက်ပြင်း​ချသံကလည်း ပြင်းထန်လိုက်တာN'ရာ...... စိတ်မညစ်ပါနဲ့.....ငါကမှ ဘာမှ သိပ်မ​ပြော​ပေးတတ်ရတဲ့အထဲ.......

❤ : ကျစ် ​နေလို့မရဘူးဗျာ..... ကျွန်​တော့်အတွက် စပရိုက်ကိစ္စ စီစဥ်​နေတဲ့ပုံ​စံတွေလို မဟုတ်တာ​တော့ အတတ်သိတယ်..... ခု​လေးတင် P'ဖုန်း​ပြော​​နေတာ​လေဗျာ......

ဖရုံသီး​နောက်ဆုံးဝယ်လက်​ဆိုလား ဘာလားပဲ ကျွန်​တော်​ရေလာခပ်တော့ ​ပြော​နေတာ ကြားလိုက်တယ်...... ဟိုတ​စ်လောကပဲ အဲ့Halloweenပွဲကြီးအတွက် ဖရုံသီးကို အလုံအ​လောက် ဝယ်ပြီးသို​လှောင်ထားတာမလား..... ဘာဖြစ်လို့ ထပ်ဝယ်မှာလဲ......

🍷 : ​မ​နေနိုင်မထိုင်နိုင် ပြောလိုက်ပြန်ရင်လည်း ငါက သတ်ခံရမယ်...... ခုလို မင်းကသက်ပြင်းတစ်ချချ လုပ်​ပြ​နေ​တော့လည်း ငါက​နေမရ ပြန်ဘူးကွာ......

❤ : ​ကြာတယ် ပြောလိုက်ပါ​တော့P'ရာ.....ကျွန်​တော် ဘာမှမသိ​နေလို့ဆိုလည်းထားဗျာ.....သူ့ကို သွား​​မေးလိုက်လို့ရတယ်......​သေချာမ​မေးတာ..... စိတ်မပင်ပန်း​စေချင်လို့ပါဗျာနော်.....

🖤🏰 နှိုးလာ​တော့ ​ဘေးနားက ကျွန်​တော့်ပုလဲလုံး​လေးကို မ​တွေ့တာ​ကြောင့် မျက်နှာသစ် သွားတိုက် အမြန်လုပ်ပြီး ​အခန်းထဲနဲ့ ဝရန်တာဘက်​ ထွက်ရှာတော့လည်း မ​တွေ့...... အဲ့ဒါနဲ့ အောက်ထပ် ဆင်းရှာဖို့​တွေးရင်း ဆင်းလာ​လိုက်တော့ ဧည့်ခန်းဘက်က ကြား​နေရတဲ့ အသံတစ်ချို့​ကြောင့် သွားကြည့်တာ ထင်တဲ့အတိုင်းပဲ...... Reoနဲ့ ကျွန်​တော့်က​လေး ဖရုံသို​လှောင်ရုံကိစ္စ တီးတိုး​ပြော​ဆို​နေကြမှန်း သိလိုက်ရပြီ.........

Classic Love 🖤 ❤Where stories live. Discover now