☕Love Museum❤ Part 93(G)

152 15 412
                                    

🖤🏙 ကျွန်​​တော့်ရဲ့ အဖြူ​​ရောင်Stitchက​လေးက​တော့ ဆိုင်ကယ်​သော့ကို လက်က​နေ တရမ်းရမ်း​ဝေ့ရမ်းရင်း တဒုန်းဒုန်းနဲ့ ​ခြံထဲကို အ​ပြေးဆင်းချသွားတာ​ကြောင့် ​​လှေကားရင်းမှာပဲ ရှိ​နေ​သေးတဲ့ ကိုယ့်ခမျာ အဲ့ဒီအ​ကောင်​ပေါက်​လေးကို ​ဖြေး​ဖြေးဆင်းဖို့လို့ အ​နောက်က​နေ ​လှမ်းအော်​ပြောရ​သေးတယ်.........

အခုတစ်​ခေါက်​​​တော့ ဆိုင်ကယ်ကို သူ​မောင်းမှာလို့​ပြောထားတာနဲ့ ကျွန်​တော်လည်း ​နောက်ကထိုင်လိုက်ရမယ့်အတူတူဆိုပြီး ဦးထုပ်ကို ရိုးရိုးမှန်ကာပါတဲ့ဦးထုပ်အနက်(Open face helmet)ပဲ​ ပြောင်းယူခဲ့လိုက်သည်........

သူ့အတွက်က​တော့ ​မောင်းသူ​နေရာကဖြစ်​နေလို့ အ​စောက ကျွန်​တော်ဆင်တူဝယ်လာ​ပေးတဲ့ အလုံပိတ်ဦးထုပ်(Full face helmet)အနက်ကို​ ယူ​ပေးထားလိုက်တယ်ဆိုပါတော့ဗျာ........

သူ့အတွက်က​တော့ ​မောင်းသူ​နေရာကဖြစ်​နေလို့ အ​စောက ကျွန်​တော်ဆင်တူဝယ်လာ​ပေးတဲ့ အလုံပိတ်ဦးထုပ်(Full face helmet)အနက်ကို​ ယူ​ပေးထားလိုက်တယ်ဆိုပါတော့ဗျာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဝတ်ထားတဲ့ဒီဇိုင်းကာလာအ​နေအထားနဲ့ စီးမယ့်ဆိုင်ကယ်က အ​​တော်ကိုလိုက်ဖက်နေတဲ့ ယုန်​ပေါက်ကိုကြည့်ရင်း ကျွန်​​တော့်မှာ ​တော်​​တော်အသည်းယားရ​သေးသည်........

မြင်ကြည့်စမ်းပါဗျာ.....Pajamas(ညအိပ်ဝတ်စုံ) ဝမ်းဆက်နဲ့ CBRတက်စီးမှာတဲ့! ​တော်ရုံစ​​ကေးနဲ့​​တော့ မရဘူးဗျသလား........

ကျွန်​တော့်မျက်စိထဲ​တော့​လေ မူကြိုက​လေးကို ဆိုင်ကယ်​ပေါ်တင်​ပေးလိုက်သလိုများ ဖြစ်​နေမလားပဲ........

🖤 : ခွီးးးး.....

တွေး​တွေးရယ်ရယ်ဆိုသလို ကျွန်​တော်လည်း ​တွေးကြည့် မြင်​ယောင်ကြည့်ရင်း လွတ်ခနဲရယ်လိုက်မိ​တော့ ပတ္တမြားလုံး​လေးက ဆိုင်ကယ်ထုတ်​နေရင်း တန်းလန်းနဲ့ လူကိုလှမ်းရန်​တွေ့တယ်.......

Classic Love 🖤 ❤Where stories live. Discover now