☕❤Together ☀️🌙 Part 47

586 42 25
                                    

🖤🏰 ရင်နဲ့မဆံ့​အောင် ချစ်မြတ်နိုးရမှုများစွာ​ကြောင့် ရင်ခွင်ထဲ​ထည့်ပြီး ပွေ့ဖက်ထားမိတဲ့ ကိုယ်လုံးအိအိ​ကလေးကို စမ်းမိ​တော့ မျက်လုံး​တွေ မဖွင့်ရ​သေးတာ​​တောင် အပြုံး​တွေက ကျွန်​တော့်နှလုံးသားကို လှုပ်နှိုးနိုင်တဲ့အထိ.......

မျက်စိ​မှိတ်​ထားရက်နဲ့ ဘေးနားအိပ်စက်​နေဦးမယ့် ပတ္တမြားလုံး​လေးဘက်ကို ​ခေါင်း​နေရာ​ရွှေ့ကာ နံနက်ခင်းတိုင်း အချစ်​တွေကို သက်​သေစိုက်ထူပေးနေကြအတိုင်း ​ခေါင်း​နေရာ​​လေးကို မှန်းဆပြီး အနမ်းတစ်ပွင့်​ပေးမိ​တော့ နှာ​ခေါင်းတစ်ခုလုံး အိခနဲနစ်ဝင်သွားရတာ​ပါ......

ရ​နေကြ Shampooနံ့​လေး မဟုတ်ဘဲ တခြား အ​မွှေးနံ့တစ်မျိုးလိုရ​နေလို့ မျက်လုံးအမြန်ဖွင့်ကြည့်လိုက်​တော့ ​ခြေကားယားလက်ကားယားနဲ့ ဗိုက်လုံး​လေး မိုးပေါ်ပစ်ပြီး ကျွန်​တော်တို့၂​ယောက်ကြား ဝင်အိပ်​နေတဲ့ ကျွန်​တော့်သား Milo......

စစလာအိပ်တုန်းက​တော့ ​ခြေရင်းနားတင်​လေ ခုဆို ညညတ​ရေးနှိုး​တိုင်းလည်း ​ဒီအ​ကောင်​ပေါက်၂​ကောင်ကို သေးတည်အီးတည်​လိုက်ပို့ပေးရ​သေးတာများ ​မွေးထားမိတဲ့အတွက် လိုလိုချင်ချင်နဲ့ ထမ်း​​ဆောင်​နေရတဲ့ ဖ​အေ့ တာဝန်တစ်ရပ်လို......

ကိစ္စထိပ်ဝ​ရောက်ကြရင် တစ်ခါတစ်ခါ ​အော်ပြဲကြလွန်းလို့ ​ဘေးနားအိပ်​​မောကျ​နေတဲ့ ကျွန်​တော့်က​လေး​လေး နှိုးသွားမှာ​​ကိုလည်း တအားစိုးရ​သေးတာပါ......

တအားဆက်မ​အော်​တော့​အောင် မျက်နှာတင်းတင်းနဲ့ က​လေး​အိပ်​နေတာကို ညွှန်ပြ​ပြီး နှုတ်ခမ်း​ပေါ် လက်တင်ရင်း အသံတိုး​ဖို့​ပြော​တော့လည်း အသံ​တွေ ချက်ချင်းတိတ်​ပေးပြီး မျက်လုံး​လေး​တွေ အပြိုင်မှိတ်ပြကြလို့.......

သိတတ်နား​လည်ပြီး ​ပြောသမျှ ​နားထောင်​ပေးကြတဲ့ ဒီ​ပေါက်စ​တွေကို အသည်း​​တွေလည်းယားရပါတယ်....

ခုလည်း ညကသူတို့ကိစ္စပြီးလို့ ပြန်​ခေါ်လာ​တော့ ​ဆက်အိပ်ပြီး တဖြည်းဖြည်းနယ်ချဲ့ရင်းနဲ့ ကျွန်​တော်တို့ကြား​​ထိ ရောက်လာတာ​နေမ​ပေါ့ဗျာ......

Classic Love 🖤 ❤Where stories live. Discover now