Zawgyi >> ☕Love Museum❤ Part 94(Q)

30 2 0
                                    

❤🏰 ​​ခြေ​ထောက်ကရေ​နဲ့​ချော်ပြီး မခက်မသင့်လို့ လဲသွားရင်း ခြေမ​လေးခိုက်မိသွားလို့ နာ​နေပါတယ်ဆို အဲ့လူကြီးက ပွစိပွစိနဲ့ဆူ​​လို့ကို မပြီးဘူး! အဖိုးကြီးကျ​နေတာပဲ!

သူ ဆူ​နေတာကို ဆက်မကြား​တော့​အောင် ​ဘေးနားက​ဘေစင်မှာရှိတဲ့ရေ​ခေါက်ကို ဖွင့်ချထားလိုက်​တော့မှပဲ နားပူတာနည်းနည်းသက်သာသွား​ရတော့သည်.....

အ​ပေါ့သွားတဲ့ကိစ္စပြီး​​​တော့မှ ​ကျွန်​တော်လည်း ဘေစင်မှာ လက်​သေချာ​သွားဆေးပြီး ​​ဘေစင်ကရေ​ခေါက်ကိုပြန်ပိတ်လိုက်​​တော့ နှာ​ခေါင်းထဲကို ​ခေါင်း​လျှော်ရည်အနံ့က သင်းခနဲ ဝင်​ရောက်လာတယ်......

ဪ! ​ဟိုလူကြီးက ရေ​တောင်ချိုး​နေပြီ​ပေါ့​လေ! လူကို သူကလည်း လာဆူ​သေး! အခုကျ သူဆူ​နေတာကို ကျွန်​တော်ကနားမ​ထောင်လို့ သူကပဲ ဦး​အောင်ပြန်စိတ်​ကောက်​​သွားတာလားလည်း မသိ!

သူဘာလို့ ကျွန်​တော့်နာမည်အရင်းကြီး လာခေါ်လဲ! မကြိုက်ဘူး​ပြောထားတာကို မ​ခေါ်နဲ့​ပေါ့! အား​နေရင် လူကို နာမည်အရင်းကြီး​​​ခေါ်​ခေါ်ပြီး​တော့ ဆူတယ်! အဲ့လိုကြီးဆူရင်​လေ အဲ့လူကြီးက နည်းနည်းမှချစ်​ပေးချင်စရာကို မ​​ကောင်း​​ဘူးဗျာ သိလား!

စိတ်​တွေတိုရင်း လိုက်ကာစကြီးကို အသာဆွဲဖယ်ကာ Toilet ထဲက​နေ ​ရေချိုးခန်းဘက်ကို ပြန်ဝင်​တော့ အဲ့ဒီ ချစ်ချင်စရာမ​​ကောင်းတဲ့လူကြီးက ​​ရေပန်း​​​အောက်မှာ ​​သူ့ခေါင်း​က ​ဆပ်ပြာမြုပ်တွေကို​ ရေနဲ့​ပြောင်​စင်​အောင် ​ပြန်ဆေးချ​နေသည်......

ကျွန်​တော်ကအရင်စပြီး​တော့​လည်း မ​​ခေါ်ချင်ပါဘူး! ​ချော်လဲတာက ကျွန်​တော့်ဖာသာ လဲစမ်းလဲစမ်းဆိုပြီး လဲတာမှမဟုတ်တာ! မ​​တော်တဆလဲသွားတာကို သူ ဘာလို့ အရမ်းလာဆူလဲ?

စိတ်ကျန်းမာ​ရေးကောင်းမွန်​နေတဲ့ လူတစ်​ယောက်အ​နေနဲ့ ကိုယ့်အသားကိုယ် နာကျင်​အောင် တမင်​တကာ​တော့ လုပ်​မနေဘူး​​လေဗျာ.....

မဆူဘဲ​ နားဝင်​အောင်လို့ ပြောလည်းရ​နေတဲ့ကိစ္စကို!အမြင်ကပ်လိုက်တာ! ကျွန်​တော်လည်း ​အဲ့လူကြီးကို စိတ်ဆိုး​နေရင်း အ​စောကလိုထပ်ချော်​မလဲအောင် လမ်း​လျှောက်တာကို သတိနဲ့ထိန်း​လျှောက်ပြီး ​ရေစိမ်ဖို့ Bathtubဆီကိုပဲ သွားလိုက်ရ​ပြီ.....

Classic Love 🖤 ❤Where stories live. Discover now