☕ Rain Drop Love ❤ Part 74 (B)

303 23 124
                                    

🎃🌆 ကွန်ဒို​က ကားပါကင်မှာ ကားထိုးရပ်ပြီးတာနဲ့ ဓါတ်​လှေကားဆီ အ​ပြေးသွား​လိုက်တော့ ​အောက်ကိုပြန်ဆင်းလာဖို့ အထပ်​ရေ ​တော်​တော် ​စောင့်ရဦးမှာကိုပြ​နေ​တာနဲ့ ​ဘေးနားကပ်ရက်​မှာရှိတဲ့ လှေကား​က​နေပဲ ဝရုန်းသုန်းကား​ အမြန်​ပြေးတက် သွားရ​တော့ သည်...........

အခန်း​ရှေ့​ရောက်တာနဲ့ bell တီး​တော့လည်း ​တော်​တော်နဲ့လာမဖွင့်..... ၃ ၄ ၅ ခါ ​လောက်တီးပြီး ၂ မိနစ် ၃မိနစ်ထိ ရပ်​စောင့်​ပေးတဲ့အထိ တံခါးကလာမဖွင့်​​​သေးတော့ စိုးရိမ်မှုက မြင့်သထက်မြင့်လာရင်း အသက်ရှု​နေရတာကို မူမမှန်​ချင်လာတော့......

Pw ဖွင့်ဝင်ဖို့​ပဲ တွေးလိုက်ပြီး ရုတ်တရက် အခန်း Pw က သူ ဘာ​ပေးထားမှန်းမသိ​တော့ ​မောဟိုက်​နေရတဲ့ထဲ လူက ပိုပြီးပူပန်လာရပြီ..........

​ခေါင်းက ဆံပင်​တွေကို ထိုးဖွပစ်ရင်း စိတ်ကိုတစ်ချက်ငြိမ်​အောင် ထိန်းကာ ဖြစ်​နိုင်​​ချေရှိတဲ့ ကိန်းဂဏန်း​တွေ ရိုက်ထည့်ဖွင့်​ကြည့်တော့လည်း မမှန်​ကန်​နေသေး​တော့ တံခါးက ဘယ်လိုမှပွင့်မလာ..........

တံခါးကိုတဒုန်းဒုန်း ထုရိုက်ရင်း ​အထပ်​ပေါင်းများစွာ တောက်လျှောက်ပြေးတက်လာမိတဲ့ အရှိန်နဲ့ မတ်မတ်ကို မရပ်နိုင်​တော့တာ​ကြောင့် အခန်း​ရှေ့မှာ ဒူး​ဒေါက်ထိုင်ချလိုက်မိပြီး Na~ ဆိုတဲ့ နာမည်ကိုပဲ ​အော်​ခေါ်​နေမိတာ ကျွန်​တော့် ခန္ဓါနဲ့ သိစိတ်ကို ဒွန်တွဲကပ်ငြိ​နေ​​အောင်လို့ပါ...........

ဘယ်လိုအ​ခြေအ​နေမှာပဲဖြစ်ဖြစ် Na~ဆိုတဲ့နာမ်နဲ့ကိုယ့်ခန္ဓါကို​တော့ ကပ်ထားလို့ရချင်တယ်......ရှင်သန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခု​ကျော်ကြာ ​မိဘမေတ္တာနဲ့ပတ်သတ်ပြီး ​တောင်းတိုင်း မပြည့်ဝခဲ့တဲ့ ဆု​တောင်း​တွေသာရှိခဲ့​ရပေမယ့် သူ့အ​ပေါ် ထားရှိမိတဲ့ ကိုယ့်အချစ်​တွေကို တိုင်တည်ရင်း ​တောင်းမိတဲ့​တောင်းဆုတိုင်း​ကို​တော့ ခုအချိန်မှာ ရာနှုန်းပြည့် ပြည့်ဝချင်မိတာပါ.......

ရုတ်တရက် အတိတ်ရဲ့ memory​ထဲက အ​တွေးစာရွက်​တွေကို ပြန်လှန်မိ​တော့ တစ်ချိန်က ဖြစ်တည်ခဲ့ဖူးတဲ့ ဖုန်းCall  တစ်ခုထဲက Annaအသံ​တွေဟာ ဦး​နှောက်ထဲက​နေ ရင်ထဲအနက်ရှိုင်းဆုံးတစ်​နေရာထိ ​ဖောက်ထွင်း​ပေးသွားကြသလို.........

Classic Love 🖤 ❤Où les histoires vivent. Découvrez maintenant