☕ Immortal Love ❤ Part 57

404 30 49
                                    

❤🏰အလွမ်း​တွေကို ထပ်တူ ခံစားကြရင်း ပြက္ကဒိန်​ပေါ်က ရက်စွဲ​​တွေကို အချစ်​တွေနဲ့ တိုက်ဖျက်တွန်းလှန်ပြီး ​ကျော်ဖြတ်လာတာ ခုဆို ၅ရက်​ဆိုတဲ့ အချိန်တောင်ကုန်သွားခဲ့ရပြီ.......

ကိုကိုနဲ့ဖုန်း​ပြောဖြစ်​တော့ ဟိုတစ်​နေ့ကပဲ မေ​မေတို့က သူ့ဆီဖုန်းလှမ်းဆက်ပြီး အိမ်မှာ လာတည်းကြဖို့ ​ပြောလို့ သွားတည်းရင်း Company ရှယ်ယာကိစ္စ​တွေလုပ်​နေကြတာ အ​တော်အသင့်​တော့ အဆင်​ပြေ​လာပြီလို့ပြောတယ်လေ......

ဒီ​နေ့​တော့ ကိုကိုနဲ့စကား​ပြောရင်း Nfမှာ Int'l Happy Mother Day ​ဆိုပြီး ပြောဆို​နေကြတာ​တွေ​ကိုတွေ့လိုက်​ရင်း အ​မေများ​နေ့မှန်းသိလိုက်​ရတော့ ​မေ​မေ့ကို စပရိုက်လုပ်​ပေးကြဖို့ ကိုကို့ကို ပူဆာထားရ​သေးသည်..........

လက်​ဆောင်ပဲ​ပေးခိုင်းတယ်ထင်တဲ့ ကိုကို့ ကိုလည်း ချစ်လည်းချစ်ရ အသည်းလည်းယားရ​တာပါပဲ......

Sunday ဖြစ်လို့ P'Reo​ခေါ်ပြီး Church ​ပြေးဆု​တောင်းရင်း bkkလိုက်ပြီး စပရိုက်တိုက်ဖို့က​တော့ ကျွန်​တော်ကိုယ်တိုင်နဲ့ P'Reoနဲ့ ခင်ဗျားတို့ပဲသိတာ​ပေါ့ဗျာ.......

ကျွန်​တော့်ကို ​မွေးဖွား​ပေးခဲ့တဲ့ကျေးဇူး​....ခုလိုလူလား​မြောက်တဲ့အထိ ကျွေး​မွေးပြုစု​ စောင့်​ရှောက်ခဲ့တဲ့​ကျေးဇူး​တွေ..... ​ပြောပြလို့မရတဲ့ အနှိုင်းမဲ့​မေတ္တာ​တွေ​နဲ့ ​ကျွန်​တော့်ဘက်မှာအမြဲတမ်း နွေး​ထွေးမှု​တွေနဲ့ ရပ်တည်ပေးပြီး ချစ်ခြင်းတရား​တွေကို လမ်းပြဦး​ဆောင်​ပေးခဲ့တဲ့ ​​မေ​မေ့ကို ကျွန်​တော် ​ပြောမပြတတ်​အောင် ချစ်ရပါတယ်...........

ချစ်ခြင်း​မေတ္တာတရား​တွေ စတင်လွှမ်းခြုံထား​တော့ ​ပြာလွင်​နေတဲ့ ကောင်ကင်ကျယ်ကြီးမှာ တိမ်စိုင်ဖြူ​တွေကလည်း အရင်​နေ့​တွေကထက် ပို​ဖွေးပြီး လှပစွာ လွင့်​မျော​နေကြလို့.......

☕❤☕❤☕❤

🖤🏙 မနက်ခင်းနိုးတာနဲ့ ကျွန်​တော့်က​လေး​လေး ​ပြောလို့ Mother day မှန်းသိ​လိုက်တော့ သူစီစဥ်ခိုင်းတဲ့အတိုင်း အ​ပြေးလုပ်​ပေးရပြီ​လေ..........

သူ​​လေးပျော်ရွှင်ဖို့နဲ့ ကျွန်​တော့်ကို ​မွေးထုတ်ထားတဲ့မိခင်အတိုင်း ချစ်​ပေးခဲ့တဲ့ ​မေ​မေ့အတွက် ဖန်တီး​ပေးဖို့ အတွက် အပ်နှံခြင်းခံရတာကို အတိုင်းမသိ​ပျော်ရွှင်​နေရတာပါ........

Classic Love 🖤 ❤Onde histórias criam vida. Descubra agora