☕ Precious love ❤ Part 63

406 19 50
                                    

🎃🏙အရင်ရက်က ကိုယ့် Therapist Rose 🌹နဲ့ ​​တွေ့ဖို့ ပျက်ကွက်ခဲ့တာ​​ကြောင့် မနက်ထ ကတည်းက ဒီ​နေ့​တော့ လာတွေ့ဖို့ Appointment ကြိုယူထားလိုက်ရပြီ......

​ဆေးရုံးဝန်းထဲကို ​​ခြေလှမ်း​တွေချလိုက်တာနဲ့ အ​တွေးထဲ မြင်​ယောင်လာတာက Annaရဲ့ ပုံရိပ်လွှာ​တွေ.......

အသက်ကို တစ်ချက် ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး Anna မသိ​အောင် Record ယူထားမိတဲ့ သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို နား​ထောင်ရင်း ​ကိုယ်နဲ့ တွေ့ဆုံ​​ပေးနေကြ therapist rose ရဲ့ ရုံးခန်းဆီကို တန်းသွားလိုက်​တော့သည်......

🌹 : ရောက်လာပြီလား Kim ထိုင်ပါ.... မလာတဲ့ရက်အ​တောအတွင်း ​နေရတာ အဆင်​ပြေလား ဘာ​တွေထူးလဲ ....

🎃 : ကျွန်​​တော်.... ကြိုးစား​နေပါတယ်.... အနည်းဆုံး​တော့သူ ကျွန်​တော့်​ကြောင့် မနာကျင်​​တော့အောင်​ပေါ့ P' ....

🌹 : အင်း မှန်မှန်ကန်ကန်​ရော ကြိုးစား​​​နေရဲ့လား.....

​ရေတစ်ခွက် အနားကို ချ​ပေးပြီး ​မေးလာတဲ့ Therapist ရဲ့အ​မေးကို မ​​ဖြေခင် ကျွန်​တော်ဘာကိုမှ မှန်တယ် မမှန်ဘူး​တွေ မ​တွေးချင်ပါဘူး အဓိကက Anna အ​နေနဲ့ ခုလို ကျွန်​တော်နဲ့ အဆက်အသွယ် ဖြတ်​ထားနေရင်းက​နေ တဖြည်းဖြည်း သူ ကျွန်​တော်နဲ့ပတ်သတ်ပြီး ခံစားရတာ​တွေလည်း နည်းနည်းချင်း သက်သာသွားနိုင်မယ်မလား​လေ......

🎃 : ​P' ကျွန်​တော့်ကို စီးကရက် တစ်လိပ်​လောက်​ထွက် သောက်ခွင့်ပြုပါလား.....

🌹 : အင်း....ရပါတယ် ကိစ္စမရှိဘူး ဒီနားတင်​သောက်ပါ.....

🎃 : P'... ဒီ​ဆေးလိပ်​ငွေ့​တွေလို အရာရာတိုင်းက မြန်မြန်​ ပျောက်ကွယ်သွားလို့ရရင်​ ကောင်းမှာပဲဗျာ.....

🌹 : လောကကြီးကသာ လူ​တွေဖြစ်ချင်တဲ့အတိုင်း​တွေ ဖြစ်​​ပေးနေမယ်ဆိုရင် P'တို့ therapist ​တွေ အ​​​နေနဲ့ ခုလို​ လူ​တွေရဲ့ စိတ်အ​ခြေအ​နေ​တွေအရ လိုအပ်​နေတာ​တွေကို တွေ့ဆုံ​ဆွေး​နွေး​ပြီး အ​ဖြေရှာပေးဖို့တောင် လုပ်နေရမယ်မထင်ဘူးကွ....

🎃 : အဲ့လို​တွေး​တော့လည်း ဟုတ်ပါတယ်.....

🌹 : အခု မင်းကို P'တစ်ခု​မေးမယ်​နော်.....
မင်းချစ်တယ်လို့ ​ပြောဖူးတဲ့ က​လေးမ​လေးနဲ့ ​​ပေါင်းသင်းဆက်ဆံ​ရေး အ​ခြေအ​နေရော ဘယ်လိုရှိလဲ......

Classic Love 🖤 ❤Where stories live. Discover now