☕Love Museum❤ Part 92(J)

125 11 347
                                    

🖤🏰 ကျွန်​​တော့်ရင့်နင့်သည်းချာ ယုန်ဖြူလုံးကလေးကို လှမ်းစ​​နောက်​​​နေရင်းနဲ့ သူအိမ်ပြန်အလာကို ​စောင့်​​​နေပေးပါလို့ လှမ်းပို့လာ​တော့ ကျွန်​တော့်မှာ ပိုပြီး​​​တော့ လွမ်းရသည်.......

အဲ့ဒီ Ed sheeranရဲ့ Photograph ဆိုတဲ့သီချင်းက ခုလက်ရှိ ​​ခေတ္တ​ဝေးကွာ​နေရတဲ့ ကျွန်​တော်တို့ရဲ့ခံစားချက်​တွေနဲ့ အ​တော်ကို ကိုက်ညီ​နေတာပါပဲဗျာ......

ကိုယ့်သား​တော်​မောင်​တွေကလည်း ငိုက်မြည်းစပြု​နေကြတာနဲ့ သူတို့ကိုအရင် အိမ်ထဲ​ရွှေ့သိပ်ဖို့ လုပ်ရဦးမည်......

က​လေးငယ်ကို​တော့ "ငယ်~~ ကို Miloတို့ကို အခန်းထဲ​ရွှေ့သိပ်မလို့​ ခဏ​စောင့်​နေ​နော်"လို့ ပြောထားခဲ့ရင်း တစ်​ကောင်ချင်းစီ​ ပွေ့​ချီခေါ်ကာ အခန်းထဲသွားသိပ်ပြီး​တော့မှ ဧည့်ခန်းထဲပြန်ဆင်းလာ​တော့ Ella နဲ့ Alexတို့ ဖုန်းတစ်လုံးထဲကို ၂​​ယောက်သား ​ခေါင်းချင်းဆိုင်ကြည့်​နေကြရင်း ဒီဟာမိုက်တယ် ဟိုဟာပိုမိုက်တယ်နဲ့ ဘာ​​တွေကို မိုက်​နေကြလဲမသိ......

သူတို့နားကို​ နောက်နားက​နေတစ်ချက် သွားရပ်ကြည့်လိုက်​တော့မှပဲ မိုက်​နေရခြင်း အ​ဖြေကို သိရ​တော့သည်.......

၂​ကောင်သားက Honda showroom website ထဲဝင်ပြီး ကား​တွေ ဆိုင်ကယ်​တွေကို သွား​ရေ​တွေမကျယုံတမယ် အပြိုင်အဆိုင် လွှတ်ငမ်း​နေကြတာပါ......

🧵 : နင်ကလည်း​​အေ အ​ပေါ်ကဟာကမှ မိုက်တာ..... ဒါက  Clickကြီး​လေကွာ.... ငါက Clickကြီး မစီးချင်ဘူး.... ဘီးအကြီးထဲက စီးချင်တာပါဆိုဟယ်.....

🌶 : ​​​အော် P'ကလည်း Auto ဂီယာဆို​တော့ စီးရတဲ့ခါ သက်သာ​အောင်လို့ပါဗျာ.......

ဘီးကြီး​တွေက ဂီယာ​တွေ​ရော ကလပ်​​တွေ​ရောနဲ့ ဒီ​လောက် ရှုတ်​ယှက်ခတ်နေတာကို.......

🖤 : မင်းကသွား​​ပြော​နေ သူကကျွမ်းတယ်ဟ....

🧵 : အဟား Perth​ရေ ​ပြောပြလိုက်စမ်း ဒီ​ကောင်​လေးကို.....

🖤 : အင်း ဒါနဲ့​နေပါဦး ဘာလဲ? နင်က ဆိုင်ကယ် ဝယ်မလို့လား??

🧵 : မဟုတ်ဘူး သွား​တောင်းမလို့....

🖤 : ​ဟောဗျာ....ငါ့ကို ရွဲ့​နေပြန်ပြီ.....

Classic Love 🖤 ❤जहाँ कहानियाँ रहती हैं। अभी खोजें