☕ Arrabbiato Love❤Part 76(A)

286 19 103
                                    

❤🏰 ကျေးငှက်​လေး​​တွေရဲ့ တေးသီသံက နားထဲတိုးဝင်လာလို့ မျက်လုံး​တွေကို ဖွင့်ကြည့်လိုက်​တော့ နေဝန်းနီနီကြီး​​က အ​ရှေ့ရပ်ဌာ​နေဆီက​နေတရိပ်ရိပ်​နဲ့ ကောင်းကင်​ပေါ် ​​​ရွှေ့လျားဖို့ရာအတွက် ​ရောင်နီ​တွေ​တောင် ဖြန့်ကျက်စ​​ပြုနေပြီ.......

ကိုယ့်မွေး​နေ့မှာ "​နေဝင်ချိန်တိုင်း ​ပွေ့ဖက်ထားခွင့်ရပြီး မိုး​သောက်ချိန်တိုင်း က​လေးနဲ့တူတူ နှိုးထခွင့်ရချင်တယ်"ဆိုပြီး သူ​ပြောခဲ့တဲ့ အဲ့ဒီစကားတစ်ခွန်းက ပြန်​တွေးမိတိုင်း ရင်ထဲ တသိမ့်သိမ့်နဲ့ကို ကြည်နူးရတာပါပဲ........

သူ​​ပေးအပ်ထားတဲ့ ကိုယ့်လည်တိုင်ပေါ်က စကြာဝဠာ​လေးကို ပွတ်သပ်ရင်း ကြည်နူးခြင်း​​တွေ အပြည့်ဖြစ်တည်​နေရတဲ့ နံနက်ခင်းတစ်ခုကို အပြုံး​တွေနဲ့ စတင်ထားကာ ကိုယ့်နံဘေးနားက အချစ်ရှိရာ ရပ်ဝန်းကို ​ငေးကြည့်မိ​လိုက်တော့ ​ကျွန်​တော့်​မှာ အပြုံး​တွေ ထပ်ဖြစ်ထွန်းရသည်.......

ခေါင်း​အုံးအောက်မှာ လက်ခုထားရက်နဲ့ ကျွန်​တော့်ကော်ဖီခဲကြီးတစ်​ယောက် တရွှီးရွှီးနဲ့ အိပ်​မောကိုကျပြလို့........

ကိုကိုလည်း သူ့အလုပ်ကိစ္စ​တွေအပြင် ကျွန်​တော့်အလုပ်ကိစ္စ​တွေကိုပါ ပါဝင်ကူညီ​ပေးရင်း ကျွန်​တော်နဲ့အတူတူ အနည်းနဲ့အများတော့ ပင်ပန်းရမှာပါ.......​သေချာတာက​တော့ သူက ကိုယ့်ထက်ပိုပြီး​တော့ကို ပင်ပန်းရမှာ​ပေါ့​လေ.....

ခုလည်း တရွီးရွီးနဲ့ အိပ်​မောကျ​နေတာ​​တောင် ကျွန်​တော့်လူကြီးက ခန့်ညားလိုက်တာဗျာ.......

အဲ့ဒီ စည်းချက်မှန်မှန်ထွက်​ပေါ်​နေတဲ့ အသက်ရှုသံ​တွေကအစ ကျွန်​တော့်မှာချစ်လိုက်ရတာ ရူးမတတ်ပဲ.......

​မကျဥ်းမကျယ်နဖူးပြင်​ပေါ် အနည်းငယ်​လျှောကျ​ဆင်းနေတဲ့ ဆံပင်ညို​တွေ တစ်ချို့ကြားထဲက​နေ ထူထဲနက်​မှောင်​နေတဲ့ မျက်ခုံးတစ်စုံကို ခုလိုလှမ်း​ငေးကြည့်ရတဲ့ခံစားမှုက ဘယ်လိုမျိုးပါဆိုပြီး​တော့ကို ကျွန်​တော့်မှာ ပြောမပြတတ်​တော့တဲ့အထိ ရင်ထဲမှာ ဖြစ်​နေရတာဗျ.......

Classic Love 🖤 ❤Where stories live. Discover now