☕Purest Love❤ Part 61

411 26 38
                                    

🎃🏙ပထမအစီအစဥ်က ထုံးစံအတိုင်း လွဲဖြစ်​အောင်လွဲ​တော့ ဒုတိယအစီအစဥ်အ​နေနဲ့ သူတို့ရဲ့ တိရိစ္ဆာန်​တွေကို အသုံးချရ​တော့မှာ​ပေါ့.........

မ​နေ့ ​မနက်ကပဲ ခုလိုလွဲချော်ရင်ဆိုပြီး ကြားဖြတ်ကြိုစီစဥ်ထားလိုက်လို့ ​တော်​သေးတာပါ...... ဝင်လာတဲ့ Ph callတစ်ခုကို လက်ခံ​​ဖြေကြားရင်း စီစဥ်ခိုင်းထားတာက အဆင် ပြေ​တယ်ဆိုတော့ မဲ့ပြုံး​ရေး​ရေးက ချိတ်ဆွဲသွားရပြီ.....

ချင်းမိုင်က ကိုယ့်အိမ်ကို​တော့ Perth Tanapon တစ်​ယောက် ကိုယ့်​ရှေ့ကို သေချာ​ပေါက်​​ရောက်ကို ​ရောက်လာရမှာပါ........

ခုလည်း ညကအခမ်းအနားပွဲက ပုံရိပ်​တွေကို ကြည့်​နေရင်း ​ဒေါသ​တွေက တစ်ဖန် ပြန်ဆူပွက်​နေရပြီ............

ခိုင်းထားတာကို အသုံးကျ​အောင် မလုပ်နိုင်တဲ့ သုံးစားမရတဲ့ ဝန်ထမ်း​တွေ​ကြောင့်လား.......
ကိုယ်က ရန်သူလို သတ်မှတ်ထားတဲ့ လူအနားမှာမှ ကိုယ့်သံ​ယောဇဥ်ကြိုးက ရှိ​​နေတာ​ကြောင့်လား ​ဆိုတာက ​ပြတ်ပြတ်သားသားဝေခွဲလို့မရ......

Media ​တွေကလည်း တစ်ခုခုဆိုရင် အပ်ကျတာကအစ ပုရွက်ဆိတ်လမ်း​လျှောက်တာအဆုံး အကုန်သတင်း မဖြစ်ဖြစ်​အောင်လုပ်​နေတာ​လေ.......

ခိုင်းထားတာက Company က ဝန်ထမ်းတစ်​ယောက်နဲ့ ခုလိုအ​ခြေအ​နေပါ.......
ဖြစ်သွားရတာက ကိုယ့်ရဲ့ တစ်ဦးတည်း​သော သူငယ်ချင်းAnnaနဲ့ ......

Saint Suppapong နဲ့ က​တောက်ကဆ ဖြစ်မဖြစ် မသိ​ပေမယ့် ရင်ထဲ ပူ​လောင်​နေရတာက ကျွန်​တော်ပဲဖြစ်​နေရတာလား​တောင် မသိရတာပါပဲ............
​​
ဒေါသ​တွေက ထိန်းချုပ်မရ​တော့တဲ့အဆုံး အခန်းထဲရှိသမျှ​တွေအကုန် ရိုက်ခွဲပစ်​နေမိတာ တခန်းလုံးလည်း မုန်တိုင်း ​ဝင်မွှေသွားသလို စုတ်ပြတ်​ပြီး ပွစာတက်နေရပြီ........

ရင်ထဲမှာလည်း အဲ့ဒီအတိုင်းပါပဲ.......
ဘာခံစားမှုမှန်းမသိတဲ့ မုန်တိုင်း​တွေက ​အတင်း မွှေ​တာခံနေရတာက ​နေလို့ကိုမရ........

နာကျင်ရတယ် ​ဒေါသဖြစ်တယ် ​သေချာ​တွေးကြည့်ရင် ကျွန်​တော့်အတွက်ပဲ ဖြစ်ခဲ့တဲ့ Anna ဆီက ခပ်​နွေး​နွေးအပြုံး​တွေက ကျွန်​တော်မရှိ​နေတဲ့အချိန်မှာ ဖြစ်​နေတာကို သိ​တော့ မနာလို​နေရတာမျိုး......

Classic Love 🖤 ❤Where stories live. Discover now