☕ ❤ 👨‍👩‍👦‍👦 Part 28

782 66 30
                                    

မိသားစုဆိုတာ သစ်ပင်တစ်ပင်နဲ့တူတယ်🌳......

များပြားလှတဲ့ အကိုင်းအခက်​တွေဟာ ကြီးပြင်းလာတဲ့တ​စ်လျှောက် ပုံစံမတူတဲ့ ဦးတည်ချက်များစွာနဲ့ ဖြစ်တည်​ရပ်တည်နေကြ​ပေမယ့်

ဘယ်လို လိုအပ်ချိန်​မျိုးရောက်​ရောက် ​နွေး​ထွေးမှု ရှင်သန်မှု ရင်းမြစ်တစ်ခုတည်းက အမြစ်​တစ်ခုထဲဆီမှာပဲ တည်ရှိ​နေသလိုမျိုး.......🌳

❤ 🏙အနာဂတ်​​နေ့စွဲ​တွေထဲ ဖြစ်တည်လာမယ့် အ​ကြောင်းတရားတို့ဟာ ဘုံဗိမ္မာန်လို ​အေးချမ်း​စေမလား....... ​

ထောက်​ချောက်​ ​ကျော့ကွင်းတွေဖြစ်​နေမယ့် ပူ​​လောင်မှုရပ်ဝန်း​တွေလား............

ရေ​ရေရာရာ မသိနိုင်​ပေမယ့် ရင်ဆိုင်​ပေးချင် စိတ်တစ်ခုသာလျှင် ကိန်း​အောင်း ​နေတာပါ ကိုကို....

သိပ်ချစ်တာဖြစ်လို့ပါ.......

ခုဆို Mae တို့လည်း ​ဆေးရုံကပြန်ဆင်းလာကြပြီး ကျွန်​တော်​ရော ကိုကို​ရဲ့ဒဏ်ရာ​တွေပါ သက်သာလာတာ တစ်ပတ်ဆိုတဲ့ အချိန်ကာလကို ဖြတ်​ကျော်ထားခဲ့ကြပြီ​.......

ကိုကိုက​တော့ Reoကို မနက်ဖြန် လာ​ခေါ်ဖို့ ​ပြောထားတာ​ကြောင့် ဒီ​နေ့ Company မှာ လိုအပ်တဲ့ အစည်းအ​ဝေးနဲ့တကွ ကျန်ရှိ​နေတဲ့စာရင်း ကိစ္စ​တွေ သွားလက်စသတ်​ပေးဖို့မနက်တည်းက ရုံးကို ထွက်သွားပြီ​လေ...........

ကျွန်​တော့်ကို​တော့ ​နေ​ကောင်းခါစမို့နဲ့ Por ရုံးခွဲကိစ္စ​တွေလည်းရှိ​သေး​တော့ အိမ်တင်ပဲနားခိုင်းသွားတာပါ......

မီးဖို​ဆောင်ထဲမှာ မနက်စာစား​သောက်ပြီး ​ဖေ​ဖေ့နိုင်ငံခြား ရုံးခွဲကိစ္စအတွက် ​မေးမြန်းဖို့ အလုပ်ခန်းကို အသွား Mae က ခဏ​လှမ်းခေါ်သည်မို့ Mae ဆီ အရင်သွားလိုက်ရပြီ.......

❤ : Mae~~~

ကျွန်မကို မြင်သည်နဲ့ ရင်ခွင်ထဲ အ​ပြေးဝင်လာတတ်တဲ့ ဒီက​လေး​လေးကို ချစ်မဝရတာပါ........

" Aigoooo ​မေ​မေ့ အချွဲက​လေး....."

❤ : ဟီး... Mae~ ​​ပြော​လေ အ​စောက​ခေါ်တာ...

" အင်း အရင်ရက်​တွေက သားနားမရှိ​​နေနိုင်ပေမယ့် အိမ်မှာဖြစ်​နေတဲ့ သတင်း​တွေက Mae ဆီ​ရောက်ပါတယ် သားရယ်....."

Classic Love 🖤 ❤Where stories live. Discover now