☕Love Museum❤ Part 92(C)

116 10 223
                                    

❤🏙 Companyကို​ရောက်တာနဲ့ Appointment Room ဆီကို အ​ပြေးသွား​တော့ ​တွေ့ဖို့မနည်း ချိန်းဆိုထားရတဲ့ Uncle က ခု​လေးတင် ထပြန်သွား​ကြောင်း​ P'Joက ​လာပြောပြသည်........

P'Joကို​တော့ ကျွန်​တော် ဘာ​ကြောင့်​နောက်ကျ​နေခဲ့ရ​ကြောင်း ဖြစ်စဥ်အကျဥ်းချုပ်ကို​ ပြောပြလိုက်​ရာ "ကျွန်​တော် ကြီးကြီးမားမား မထိခိုက်ခဲ့တာပဲ ​တော်​သေးတယ်" တစ်ခွန်း​ပြောရင်း သက်ပြင်းတစ်ချချနဲ့ပဲ နား​ထောင်​ပေးရှာပါတယ်........

ပြီးတာနဲ့ ချိန်းဆိုတာပျက်သွားရတဲ့ Uncle ဆီကို ဖုန်းတန်းဆက်ကြည့်လိုက်​တော့ ကြားလိုက်ရတဲ့အန်ကယ့်စကား​တွေက တစ်လမ်းသွား​တွေကြည့်ပဲ.........

"မင်းရဲ့  အချိန်မ​လေးစားတဲ့ လုပ်ရပ်​ကြောင့် အန်ကယ့် အချိန်2နာရီ​ကျော်​တောင်မှ အလားဟသက်ဖြစ်သွားခဲ့ရတာကွ......."

❤ : ဟို.... အန်ကယ် ကျွန်​တော် ရှင်းပြ.....

"​နေပါ​တော့ ငါ့တူရာ...... မင်း​ပြောမယ့်ဆင်​ခြေ​တွေအတွက် အန်ကယ့်အချိန်​တွေ ထပ်မ​ပေးနိုင်​တော့တာကို ​​နားလည်​ပေးပါ......

မင်းအ​ဖေ Mr.Suppapongရဲ့ မျက်နှာနဲ့မို့လို့ အဲ့ဒီ၂နာရီလုံးလုံး ငါသည်းခံပြီး​တော့ ထိုင်​စောင့်​ပေးခဲ့တာကွ......

လုပ်ငန်းတစ်ခုမှာ ခေါင်း​ဆောင်​တဲ့ ​ခေါင်း​ဆောင်က စည်းကမ်းကောင်းမှ ​နောက်လိုက်​​တွေကလည်း ​စည်းကမ်းရှိတဲ့ နောက်လိုက်ကောင်း​​​တွေဖြစ်မှာ​ပေါ့.......

Supppapong Gpရဲ့ အ​ရောင်းဌာနက ဝန်ထမ်း​တွေ ​အလုပ်ကောင်း​ကောင်းမလုပ်ကြလို့ Company ရဲ့ ​ရောင်းအားက ထိုးကျ​နေတာ​ကိုရော မင်းအ​နေနဲ့ သိရဲ့လား???

ထည့်ဝင်ကြတဲ့ ရှယ်ယာဝင်​တွေက အင်အား​ကောင်းလို့သာ Companyက လည်ပတ်​နေ​တာ....... မဟုတ်ရင်​တော့ မ​တွေးရဲစရာပဲကွ.......

အား​တော့နာတယ် ငါ့တူရာ.....စီးပွား​ရေးက စီးပွား​ရေး လူမှု​​ရေးက လူမှု​ရေးပဲ......ဆိုတော့ အချိန်ကို မ​လေးစားတတ်တဲ့သူတစ်​ယောက်နဲ့ အန်ကယ်ဘယ်လိုမှ လက်တွဲလုပ်ဖို့လို့ အဆင်မ​ပြေဘူး ငါ့တူ......."

တိခနဲပြတ်ကျသွားတဲ့ဖုန်းcall တစ်ခု​နောက်မှာ ကျွန်​တော့်ခံနိုင်ရည်​တွေလည်း စတင်ယိုယွင်းစပြု​နေရပြီ.........

Classic Love 🖤 ❤Where stories live. Discover now