☕ Because of you ❤ Part 60

429 28 38
                                    

❤🏰 မ​နေ့ညက ဝရန်တာထွက်ပြီး ကျွန်​တော်တို့အချစ်​တွေကို ကိုယ်စားပြု​ပေး​နေတဲ့ ယုဇနပန်းရုံကြီးဆီက လွမ်းရနံ့တွေ​​ ရောယှက်​နေတဲ့ အချစ်ပန်းရနံ့တို့ကို ရှုရှိုက်ရင်း ကိုကိုနဲ့ ဖုန်း​​ပြောဖြစ်​တော့ ​လုပ်ငန်းကိစ္စ​တွေလည်း ပြန်အဆင်​ပြေ​နေပြီမို့ တက်​ရောက်ဖို့ လက်ခံ​ပေးထားတဲ့ ပွဲတစ်ချို့တက်ပြီးသွားရင် ဒီရက်ထဲ ပြန်လာလို့ရ​လောက်ပြီလို့​ပြောတယ်​လေ.......

တစ်ခါထဲ ​ဒီမပြန်သေးခင် ကိုကို့ဖေ​ဖေ့ကိုပါ Medical Check-up လုပ်ခဲ့​ပေးဖို့ မှာထားရ​​သေးသည်......

လူကြီး​တွေဆို​တော့ စိတ်​ဆောင်ပြီး စိတ်သွားတိုင်းကိုယ်ပါ​နေကြ​ပေမယ့် လူငယ်​တွေ​လောက် ကျန်းမာ​ရေးက ရာနှုန်းပြည့်မ​ကောင်းနိုင်​တော့ဘူးလေ......

စက်တစ်ခုအ​နေနဲ့မြင်ကြည့်ရင်​တောင် နှစ်နဲ့ချီပြီး ခိုင်းရင် စက်ချို့ယွင်းတာ​တွေရှိတယ်မလား....

လူကလည်း အ​သွေးအသားနဲ့ ဖွဲ့စည်းတည်​ဆောက်ထားတာပဲ​..... စက်​တွေနဲ့မတူတာဆိုလို့ ခံစားတတ်တဲ့ နှလုံးသားနဲ့ ​တွေး​ခေါ်စဥ်းစားတတ်တဲ့ ဦး​နှောက်ပါတာ​ကြောင့် လူဖြစ်​နေတာ​ပေါ့......

အဲ့​တော့ အ​သွေးအသားနဲ့ တည်​ဆောက်ထားတဲ့ခန္ဓါကိုယ်ကြီးကို အနှစ်​လေး ငါးဆယ်​လောက် မညှာမတာခိုင်းထားပြီးရင် စတင်ချို့ယွင်းလာရတာ​တွေ​တော့ အနည်းနဲ့အများရှိမှာပဲ​​လေ........

​ရောဂါဆိုတာလည်း တစ်ခုဖြစ်လိုက်ရင် အ​ပေါင်းအပါနဲ့ကို လိုက်လာကြတာမျိုး........​
မျိုးရိုးအရ ​သွေးတိုးတာက စဖြစ်လိုက်မိရင် အစားအ​သောက်အ​နေအထိုင် ဆက်မဆင်ခြင်​လိုက်တာနဲ့ ဆီးချို​သွေးချို ၊ နှလုံး ၊ အသည်း၊ ကျောက်ကပ် ​တွေမှာ ဖြစ်ရတဲ့​ရောဂါ​တွေအကုန်က ကန်ထရိုက်ယူထားတဲ့အတိုင်း မဖိတ်​ခေါ်ဘဲ ဇွတ်လိုက်လာ​တာကို ခံရတော့တာပါပဲ.....

ခုလည်း အဲ့ဒါ​တွေ​ကြောင့် ဖေ​ဖေတို့​ကိုတောင် တ​နေ့တ​နေ့ အစား​အသောက်လည်း ​ကိုယ်နားလည်သ​လောက် လိုက်ကြည့်ပြီး တည့်တာ​တွေပဲ ဦးစား​ပေး ​စီစဥ်ခိုင်းရတာ အ​မောသား.......

Classic Love 🖤 ❤Where stories live. Discover now