☕Love Museum❤ Part 91(A)

202 12 87
                                    

🌊🌃 ညနက်သန်း​ခေါင်ယံအချိန် Bkkမြို့ လူကုန်ထံ ဆိတ်ငြိမ်ရပ်ကွက်ကြီးအတွင်းရှိ အိမ်ကြီးထဲတွင် ထွက်​ပေါ်​နေ​သော စကားသံတစ်ချို့........

"​ရှေ့​နေ​လေးSky မခိုင်းဘဲနဲ့ မဆိုင်တာ​တွေ ဘာမှ​လျှောက်လုပ်ဖို့လို့ မကြံနဲ့​ Nora!!!! ​အေး ညည်းလုပ်လို့ ဘာမှပိုထူး​ကောင်းမလာဘဲ အကုန်လုံး စား​ပေါက်​တွေပါ ပိတ်သွားမယ်!!!ကြားသလား!!!"

🌊 : ဟုတ်ကဲ့.....

"တ​နေ့တ​နေ့ ညည်းနဲ့ တစ်အိမ်ထဲ​နေ​နေရတာကိုက ငါ့အတွက် ကျက်သ​ရေ မရှိတာပဲ!!! ညည်းကို ငါ့သမီးအရင်းတစ်​ယောက်လိုမျိုး ဟန်​ဆောင်​​ပြီး နေပြ​နေရတာ ငါဘယ်​လောက် ပင်ပန်းရတယ်ထင်လဲ???

Ownဆိုတဲ့ ငါ့​ယောကျာ်းက​လေ လူပဲ​​အေး​အေး​ဆေး​ဆေး သေသွားလိုက်တာပဲ....... သူ​သေသွားတာ အ​ကြောင်းမဟုတ်ဘူး..... သူရှာထားခဲ့တဲ့ ​ဟော့ဒီအရှုပ်ထုတ်​တွေကိုတော့ တစ်ခါထဲအပါ​ခေါ်မသွားဘဲ ငါနဲ့ ခုလိုမျိုး စိတ်ချလက်ချထားပစ်ခဲ့တာကို အံ့သြမဆုံးတာ!!!!"

🌊 : အန်တီ့စကား​တွေ ဒီထက် တရားလွန်မလာရင် ​ကောင်းမယ် ထင်တယ်!

"အဟား ဟားးးး ဟားးးး ညည်းက ဘာ​တွေများ ​​တော်တတ်နေလို့ ငါ့ကို ခုလိုတစ်ခွန်းမခံ ပြန်​လာပြော​နေရတာလဲ!!!ဟမ်!!!ဘဝမ​မေ့လိုက်စမ်းနဲ့ က​လေးမ!!!

​ရွှေပုံ​ပေါ်ထိုင်လိုက်ယုံနဲ့ အတိတ်ကပုံရိပ်​တွေက အလိုလို​ပျောက်သွားမယ်လို့ ထင်​နေတာလား????

ဒီမှာ ဘယ်​ရွှေပုံ​ပေါ်တက်ထိုင်ထိုင် တစ်ချို့အရာ​တွေက ​ရွှေအဆင်းနဲ့လိုက်ပြီး အလိုလို တောက်​ပြောင်လာလိမ့်မယ်လို့ ညည်းထင်မ​နေနဲ့!!!!ကိုယ့်အဆင့်ကို ကိုယ်သိ!!!!"

🌊 : ကျွန်မကလည်း အန်တီကို မာမီလို့ ​ဘယ်တုန်းကမှ မ​ခေါ်ချင်ခဲ့ပါဘူး!!!! အထက်တန်းစားတစ်​ယောက်ရဲ့ ​နေပုံထိုင်ပုံဟာ ဒီလိုမျိုးပဲလို့ ထင်ခဲ့မိလို့ ​အန်တီသင်​ပေးတဲ့အတိုင်း ​ဆယ်​ကျော်သက်အရွယ်ကတည်းက ကျင့်ကြံနေထိုင်လာခဲ့တာ!!!!

အန်တီ့ဆီက​နေ သင်ယူခဲ့တာ​​တွေ အကုန်လုံးက လုံးဝ အမှားကြီးမှားခဲ့တယ်ဆိုတာကို ခုအသက်အရွယ်မှ သိလာရတာရှင့်!!!!

Classic Love 🖤 ❤Where stories live. Discover now