☕Pandora Box ❤ Part 77(C)

198 18 161
                                    

❤ကိုကို့လက်ကိုတွဲရင်း ​ဖေ​ဖေတို့နဲ့အတူ ​ဆွေး​နွေးပွဲ ခန်းမထဲကို ဝင်လိုက်​တော့ Hallခန်းမကြီးတစ်ခုလုံးထဲမှာ အသက်အလတ်အရွယ်မ​ရွေး ထိုင်ခုံ​တွေမှာ ​နေရာအသီးသီးယူထားကြသည်.........

​ဖေ​ဖေတို့က​တော့ Hallခန်းမ​နောက်နားမှာ ရပ်​နေခဲ့ပြီး ကျွန်​တော်က​တော့ ​ဆွေး​နွေးရမယ့်လူဖြစ်လို့ စင်​​​ပေါ်ကို တက်လှမ်းသွားလိုက်ရပြီ.........

❤ : အားလုံးပဲ မင်္ဂလာပါ.....ကျွန်​တော်က Saintsupပါ.....ခုလို​ တွေ့ရတာ ဝမ်းသာပါတယ်.... အစီအစဥ်မရှိဘဲ ဒီ​ဆွေး​နွေးပွဲ​လေး ဖြစ်​မြောက်​အောင် ​ဆောင်ရွက်ပေးတဲ့ တည်​ထောင်သူအန်ကယ်ကို ​အရင် ကျေးဇူးတင်​ကြောင်း ပြောပြရ​စေဗျ ဟုတ်......

ကျွန်​တော်က ​ကျောင်းတည်​ထောင်သူအန်ကယ်ကို ကြည့်ရင်း ​ကျေးဇူးတင်စကားဆို​တော့ အန်ကယ်ကအပြုံး​တွေနဲ့အတူ ခေါင်းငြိမ့်ပြရှာသည်.......

❤ : ဒီ​တော့ ဒီ​ဆွေး​နွေးပွဲ​လေးမှာ ကိုယ့်ကိုကိုယ် ကျွန်​တော်လို့ပဲ​သုံးနှုန်းပြီး ပြောပါ့မယ်.....က​လေး​တွေပါ​ပေမယ့် ကျွန်​တော့်ထက် အသက်အရွယ်ကြီးတဲ့ အကို​တွေအမ​တွေနဲ့ ဆရာ/ဆရာမ​တွေ ပါ​နေတာ​ကြောင့်ပါ........

ဒီခန်းမထဲကလူ​တွေကို ကျွန်​တော်တစ်ခု​မေးချင်တယ်ဗျ...... ပန်ဒိုရာ​သေတ္တာအ​ကြောင်း ကြားဖူးကြတဲ့သူ ရှိလားမသိဘူး.......ရှိတယ်ဆိုရင် ကျွန်​တော့်ကို လက်​လေး​တစ်ချက်​​လောက် ထောင်ပြ​ပေးပါ​ဦး.......

တီးတိုးတီးတိုးအသံ​တွေ အရင်ထွက်လာပြီး အသက်အရွယ်အပိုင်းအခြားအလိုက် လက်​တွေ​တဖြည်းဖြည်း အလျိုလျိုထောင်လာကြသည်.......

❤ : ဟုတ်ကဲ့....​ခုလို တက်တက်ကြွကြွ ပါဝင်​ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ..... ဟိုနားက အကို.... အင်္ကျီနက်ပြာနဲ့...... မဟုတ်ဘူး မဟုတ်ဘူး....ခုလက်ရမ်းပြ​နေတဲ့ ညီ​လေးရဲ့ ​ဘေး၂​ယောက်​ကျော်က တစ်​ယောက်ကို ​ပြောတာ.......

ဟုတ်တယ် ဟုတ်တယ်..... အကို့ကို ​ပြောတာ..... မင်္ဂလာပါ အကို ဟုတ်ကဲ့.....

"ဟုတ်ကဲ့....မင်္ဂလာပါ ညီ...."

❤ : ​ဟုတ်....အားလုံးသိရ​အောင်လို့ အကို သိထားတာ​လေး နည်းနည်း​လောက် အရင်မျှ​ဝေ​ပေးပါဦးဗျ..... ဟုတ်ကဲ့......

Classic Love 🖤 ❤Where stories live. Discover now