☕Love-with Collaboration❤ Part 83(B)

188 18 40
                                    

🖤🏰 ၃​ယောက်သား အနား​ပြေးလာကြပြီး "ဦးဦး​ချောကလက် ​ရေခဲမုန့်သွားစားမယ်" သံပြိုင်​အော်​​ပြောကာ တစ်ခစ်ခစ်နဲ့ ရယ်​နေ​ကြတော့ ကျွန်​​တော်ပါ သူတို့ အပြုံး​​လေးတွေကို ကြည့်ရင်းနဲ့ ​ရော​ယောင်ပြီး လိုက်ပြုံးမိသေးသည်.........

ဒီ​ကောင်​လေး​တွေ ​​ချောကလက် ရေခဲမုန့် ​စားချင်တယ်​ ပြောပြီးခဏကြာတဲ့အထိ ကျွန်​တော့်ကိုကြည့်ကြည့်ပြီး တစ်ခစ်ခစ်နဲ့ ရယ်​နေ​ကြ​တာ ဘာ​ကြောင့်မှန်းမသိ........

ချောကလက်​ ရေခဲမုန့်စားချင်တယ်ဆိုပြီး ​ပြောတာ​လေ..... အဲ့စကားထဲ ဘယ်နားက ရယ်စရာပါ​နေသတုန်းဗျာ.......

​ထွေထူး​ပြီး မေးမြန်းမ​နေ​တော့ဘဲ ​အေး​​အေး တစ်ခွန်း​ပြောကာ ပတ္တမြားလုံး​လေးရဲ့ ရေခဲမုန့်ဆိုင်ဆီကို ​လေး​ယောက်သား ချီတက်ကြရပြီ..........

​ရေခဲမုန့်ဆိုင်​​ရှေ့ကိုရောက်တာနဲ့ ဆိုင်ထဲကို 🐯🐉၂​ယောက်သား ဒုန်းစိုင်း ​ပြေးဝင်သွားကာ စဖြစ်တဲ့ပြသနာက​တော့ ​ပေါက်စ🐯တစ်​ယောက် ထိုင်ခုံ​ပေါ် တက်မရခြင်းပင်..........

အင်းအဲ အသံစုံထွက်ရင်း ခုံပေါ်​ ဝမ်းယား​မှောက်ပြီး ဇွတ်ကုန်းတက်​နေ​တော့ အ​နောက်က​နေ အကိုဖြစ်သူ🐉ကလည်း အားကြိုးမာန်တက်နဲ့ ညီဖြစ်သူ ​ထိုင်ခုံ​ပေါ် ​ရောက်ရှိဖို့အ​ရေး သူ့အား​​လေးနဲ့ တွန်းပြီးတင်​ပေး​​နေရှာသည်.........

❤ : ကိုကို.... ဟား ဟား.... ဟိုမှာကြည့်လိုက်ဦး.....

ညီဖြစ်တဲ့သူက ခုံပေါ်ကို မရမကကုတ်ပြီးတက်​နေ​တော့ သူ့ညီကို ထိုင်ခုံပေါ်​ရောက်​အောင်လို့ နောက်က​​နေ သူ့အကိုက ကြိုးစားပမ်းစားနဲ့ တွန်းပြီးတင်ပေး​ရှာတယ်ဗျာ........

🖤 : အဟား......အမ်း ၂​​ယောက်သားလိုက်လည်းလိုက်ကြတယ်......

❤ : ဟား ဟား ဟုတ်ပ..... က​လေး သွားတင်​ပေးလိုက်ဦးမယ်...... ကိုကို လိုက်ခဲ့လိုက်​တော့​နော်.....

တစ်ခွန်းကပ်​ပြောသွားပြီး ရယ်သံချို​လေး​တွေ ခပ်ဟဟထွက်ကျရင်းနဲ့ ဆိုင်ထဲ​ပြေးဝင်သွားကာ ​ပေါက်စ​တွေကို ထိုင်ခုံနဲ့ဖင်နဲ့ထိ​အောင်လို့ ပတ္တမြားလုံး​​လေးတို့ ဝင်​​ရောက် ဖြေရှင်း​ပေး​တော့ သည်..........

Classic Love 🖤 ❤Where stories live. Discover now