☕Cosmic Rays❤ Part 84(B)

148 12 132
                                    

🍷🏰 စံအိမ်ကိုရောက်တာနဲ့ ကိုယ့်ဆရာတို့ ဧည့်ခန်းထဲမှာ ဘာတွေသည်းကြီး မည်းကြီး ရှာနေလဲတော့ မသိ...... Laptop ထဲ ခေါင်းစိုက်တော့မယ်.........

🍷 : အဟမ်း.....ဆရာ.....ကျွန်တော်တို့ ရောက်ပြီ.....

ကျွန်တော်ရောက်ပြီပဲ ပြောနေခဲ့ရာကနေ ကျွန်တော်တို့ ရောက်ပြီလို့ ပြောလိုက်ရတော့ ရင်ထဲ ဘယ်လိုမှန်းမသိ မရိုးမယွက ဖြစ်ရပြီ........

🖤 : အေး ရောက်ရင်လည်း ထိုင်ကြဦးကွာ.....ငါဒီမှာ ရှာစရာလေးရှိနေလို့.......

Jack ဟိုဟာလေ......

👨‍🍳 : ဟုတ်ကဲ့ ဆရာ ပြောပါ......

🖤 : အေး Chocolate ကိုလေ ဂြိုလ်ပုံစံတွေလို ငါလိုချင်တာ.......အဲ့ဒါမင်းခု လုပ်ပေးလို့ အဆင်ပြေမလားလို့......

ငါလည်း ကူမှာပါ...... Saintဆီကို ပို့ပေးချင်လို့......

👨‍🍳 : အော်ရတယ်လေ ဆရာ.....ကျွန်တော် ပုံစံတစ်ချက်ကြည့်လိုက်မယ်.....ခု ဆရာပြောမှ တွေးဖူးတာပဲ...... တခြား ဒီဇိုင်းတွေပဲ Resort အချိုပွဲစာရင်းမှာ ထည့်ထားတာ........

🍷 : မင်းကလဲ ဆရာတို့က လက်နဲ့ထိရင် ရွှေမဟုတ်ဘူး....... သူတို့နဲ့ ထိရင် ဘယ်အရာမဆိုဆန်းတယ်...... လိုက်မမှီအောင် ရိုတယ်.......

👨‍🍳 : အဟား.....

🖤 : မသာ!!!! ပါရမီကို ခုထိ အကျိုးရှိရှိ မဖြည့်ပေးတတ်သေးဘူး......

🍷: ဆရာကလဲ......မှန်တာလဲပြောရသေးတယ်....... အဲ့တော့ ဒီCamera နဲ့ ဆရာတို့ ချောကလက်လုပ်တာကို ကျွန်တော်က ဘေးကနေ လိုက်ပြီး မှတ်တမ်းတင်ပေးရမှာပေါ့...... ဟုတ်လား???

🖤 : ဒါပေါ့ကွ.....မဆိုးဘူး မင်းခေါင်းလေးက အဲ့လို တွေးတောတတ်လို့ တော်သေးတယ်.......

🍷 : ဟာဗျာ ဆရာကလည်း အားကြီးနဲ့.......

👨‍🍳 : Resort က ချောကလက်အတွက် အခြေခံအဆင့်လုပ်ပြီးသားကို ယူပြီး ပြန်ပုံဖော်တာက မြန်မယ်ဆရာ.......

🖤 : အေး အဲ့တာကတော့ မင်းကျွမ်းကျင်တဲ့ အပိုင်းဖြစ်လို့ အဆင်ပြေသလို စီစဉ်လိုက်ပါ.......

လိုချင်တဲ့ အရသာနဲ့ အရောင်ကို မင်းနဲ့ တစ်ချက်တိုင်ပင်မယ်......

Classic Love 🖤 ❤Where stories live. Discover now