☕Love Museum❤ Part 89(A)

145 10 11
                                    

🏰 မနက်​စော​စောစီစီး စံအိမ်ကြီးထဲတွင် ထွက်​ပေါ်​နေ​သော ဖုန်း​ပြောသံတစ်သံက အခန်းတစ်ခုလုံးထဲ လွှမ်းခြုံထားလို့.........

🍷: ​ဟေ့​ကောင် ငရုတ်သီး!!!.....​အေး ညက​ငါပြောထားတဲ့အတိုင်း လှုပ်ရှား​ပေးခဲ့​နော်.....​အေး ငါစိတ်ချ​နေမယ်​......ပိရိပ​စေ......

​အေး​​အေး..... ငါလည်း ရိုက်လို့ရသမျှ မင်းဆီလှမ်းပို့​ပေးမယ်..... မင်းလည်း မင်းရိုက်ထားတာ​တွေ ငါ့ဆီပြန်ပို့​ပေး ဟုတ်ပလား...... ​အေး​အေး ဒါပဲ......

ဘာဖြစ်​နေကြသလဲဆို​တော့ဗျာ ကိုယ့်ဆရာ​၂​​ယောက် အဆင်​ပြေဖို့အ​ရေး.....အင်း​လေ အဆင်​ပြေဖို့အ​ရေး ဆိုတာထက် အလွမ်း ဝဝလင်လင်သယ်နိုင်ဖို့အ​​ရေး​ ဆိုပါ​တော့........

အဆင့်မြင့်နည်းပညာ​တွေထွန်းကား​နေတဲ့ ဒီ​နေ့​ခေတ်ကြီးထဲ ခုလိုသည်းထိတ်​ရင်ဖိုတွေ လှုပ်ရှား​ပေးရတာလည်း လွယ်မ​နေပါဘူး........

ဓါတ်ပုံကို ကာယကံရှင်ကိုယ်​တိုင် မသိ​အောင် ရိုက်​ယူရမယ့်ကိစ္စဗျာ...... တကယ် ကိုယ့်တ​စ်နေ့တာအချိန်​တွေထဲ ရရင် ရသလို စပိုင်​လို လှုပ်ရှားရမှာ.......

တ​စ်ယောက်​ယောက်က ဖုန်းစဆက်လိုက်ရင်ကို အလွမ်းနည်းနည်း သက်သာ​ကောင်းရဲ့​လေ ကျွန်​​တော်​ပြောတာ မဟုတ်ဘူးလား....... Video Call​ခေါ်ရင်လည်း လွမ်းတာ​​တော့ သက်သာမှာပဲကို.......

အရင် ကိုယ့်ဆရာက လှမ်းဆက်တတ်ပါတယ်.....ခုမှဘာလို့ မဆက်​နေလည်းမသိ...... ကြည့်ရတာ စပရိုက်တိုက်ရတာ သိပ်ဝါသနာထုံလွန်းတဲ့ ကိုယ့်ဆရာဆို​တော့ N'Saint ကို ဒီ Oct 31ရက်​နေ့မတိုင်ခင်အထိ စံအိမ်အတွက် အပ်ထားတဲ့  ဖရုံသီးကိစ္စနဲ့ ပတ်သတ်ပြီး ဘာဆိုဘာမှ ပြောမထားမယ့်ပုံပါပဲ.......

ခုကြုံ​​နေရတာကလည်း အဲ့စံအိမ်အတွက် လိုတဲ့ဖရုံသီးကိစ္စကစလို့ ဖြစ်လာတဲ့ ပြသနာ အရှုတ်​ထုတ်​တွေမလား​........

ကျွန်​တော်လည်း တစ်ခါမှ ရည်းစားမထားဖူး/မစေ့စပ်ရ​သေးဖူးတဲ့​ကောင်ဆို​တော့ ဒါ​တွေလည်း အကုန်​တော့ နားလည်မ​နေပါဘူးဗျာ.......

ဆရာတို့ဆီမှာလည်း ဖုန်း​​တောင်မဆက်နိုင်မယ့် အ​ကြောင်းကိစ္စ ကိုယ်စီရှိ​ကြသေးလို့​နေမ​ပေါ့.........

Classic Love 🖤 ❤Where stories live. Discover now