☕ ❤ Part 19 Special Day

958 81 93
                                    

💌☕ အချစ်ဆိုတာ သူ့လှုပ်ရှားမှု သဲ့သဲ့​လေးကအစ ကိုယ့်အတွက် မြတ်နိုးစရာ​ပေါ့.....
အချစ်ဆိုတာကောင်းကင်ကြီးနဲ့တူတယ်....

​ငေး​မောကြည့်တိုင်း သူ့အတွက် အမြဲရှိ​နေသလို​မျိုး...

သူ​ပျော်တဲ့အခါ ပြာလဲ့​အေးချမ်း​​​ပေးပြီး သူဝမ်းနည်းရတဲ့အခါ ထပ်တူ အုံ့ဆိုင်း မှိုင်းညို့​ပေးတယ်...

သူခံစားမှု​တွေနဲ့ ထာဝရထပ်တူဆိုတဲ့ခံစားချက်ကို​ပေးတယ်...

❤ အချစ်ဆိုတာ စစ်မှန်​လေ နက်ရှိုင်း​လေမို့ ကျွန်​တော့်အတွက်​တော့ သမုဒ္ဒရာလိုပါပဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

❤ အချစ်ဆိုတာ စစ်မှန်​လေ နက်ရှိုင်း​လေမို့ ကျွန်​တော့်အတွက်​တော့ သမုဒ္ဒရာလိုပါပဲ....

အဆုံးအစမဲ့ရတယ်....

ဘယ်​တော့မှ လွယ်လွယ်ကူကူနဲ့ မ​ပျောက်ဆုံးသွားဘူး....

ကမ္ဘာတည်​နေသ​​​ရွေ့တိုင်ပေါ့.....💌

🍂 🏰 ☕ ❤

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

🍂 🏰 ☕ ❤

ကျွန်​တော့်ပတ္တမြားခဲ​လေးနဲ့ စံအိမ်ထဲမှာ အလုပ်အတွက် သင်ပြ​ပေးရတဲ့ ​နေ့​​ရက်လေး​တွေ ကုန်လွန်ခဲ့တာ ​ခုဆို ရော်ရွက်ဝါ​တွေ တွဲလွဲခိုခဲ့ချိန်ကစလို့ ရွက်​ဟောင်း​​တွေကြွေရတဲ့ အချိန်​တွေ​ထိ ၂လ​တောင်​​ကျော်ခဲ့ရပြီ...........

၂​ယောက်သား စကားရည်လုလိုက် ချစ်ခြင်းတရားသဲ့သဲ့​တွေကို ​ဖော်ပြ​ပေးလိုက်နဲ့ နှုတ်က​နေ ဖွင့်မ​ပြော​သေးတာတစ်ခုပဲရှိတာပါ......

Classic Love 🖤 ❤Where stories live. Discover now