Chapter 31

15.6K 1.9K 166
                                    

(Unicode)

"လာဒီဒီဒါ...လာဒီဒူ...လာဒါဒီဒီ...လာဒါဒီဒူ”

ကိုယ်လုံးပေါ် မှန်ကြီးရှေ့ ရှေတစ်ပြန် နောက်တစ်ပြန် လှည့်ပတ်ကြည့်ပြီးနောက် ခန့်ညားရှိန် ကိုယ့်ကိုယ်ကို စိတ်တိုင်းကျသွားကာ အားပါးတရ ပြုံးလိုက်မိသည်။

လူချင်း တစ်ခါ၊ ဖုန်းနှင့် အကြိမ်ကြိမ် နားပူ ဂျီကျ အကြိမ်ကြိမ် ပြောပြီးသည့်အချိန်မှာတော့ မဖြိုး မင်္ဂလာဆောင်၏ Dinner party ကို စုံတွဲလိုက် ယှဥ်တွဲတက်ရောက်ရန် Leo က လက်ခံခဲ့သည်။

ညနေ ၄ နာရီကတည်းက ဇွဲကောင်းစွာ ပြင်ဆင်နေခဲ့ပြီး ခု ၇ နာရီ ထိုးဖို့ ဆယ်မိနစ်အလိုကြမှ ခန့်ညားရှိန် ကိုယ့်ကိုယ်ကို အားရ ကျေနပ်မိတော့သည်။

နီညိုရောင် အပေါ်ကုတ်နှင့် formal suit
ကိုယ်တိုင် ကိုယ်ကျ ပြောင်လက်နေအောင် တိုက်ထားသော limited brand လည်သာ ဖိနပ် အနက်
ဂျဲများနှင့် သေသပ်ပိရိအောင် လှန်တင်ထားသော ဆံပင်

အားပါးပါး...ငါက တကယ် Gentle man ပဲ။
Leo မ​ပြောနဲ့ အင်ဂျလီနာ ဂျိုလီ မြင်ရင်တောင် ပစ်ကြွေသွားမှာ သေချာတယ်။

ကိုယ့်အတွေးနှင့်ကိုယ် အားပါးတရ ပြုံးကာ ထုတ်လိုက် ဘေးဖယ်လိုက် လုပ်ထားသော အဝတ်များကို ပြန်ထည့်သိမ်းနေချိန် တံခါးခေါက်သံ ကြားလိုက်ရသည်။

"အစ်ကိုလေး ခြံရှေ့မှာ ကားရောက်နေပါပြီ။”

အိမ်အကူ ကောင်မလေး ​ပြောတာ ကြားသည်နှင့် ခန့်ညားရှိန် ရှိသမျှ အဝတ်တွေကို ကျော်ခွကာ ဖုန်းနှင့် ပိုက်ဆံအိတ်ယူပြီး အောက်သို့ အမြန် ပြေးဆင်းရတော့သည်။

"အာ...Leo ကျွန်တော်က နောက်ကျမယ် ထင်လို့...”

ကားရှေ့၌ လက်ပိုက်ရပ်နေသော Leo ကို မြင်မြင်ချင်း ခန့်ညားရှိန် စကား မဆက်နိုင်တော့။

ဘုရားရေ
ဒါက နတ်သက်ကြွေလာတာလား...

အောက်ခံ အဖြူရှပ်အပေါ်မှာ ထပ်ဝတ်ထားသည့် အပြာရင့်ရောင် ကုတ်ကလေးက နူးညံ့လွန်းသော အသားအရေ၊ ရှည်မျော ပိန်သွယ်သော ခန္ဓာကိုယ်နှင့် လုံးဝ ကွက်တိကျနေသည်။
ခုမှ လျှော်ထားဟန်တူသော ဆံပင်ညိုလေးတွေက ပျော့စင်းစင်း။
အနက်ရောင် မျက်ဆံလေးတွေပေါ် မျက်တောင် တစ်ချက်အုပ်မိုး သွားလိုက်တိုင်း သူ့ ရင်ခုန်သံတွေကို အနုကြမ်းစီးသွားသလို ခံစားရသည်။

OH...My Beloved BadassWhere stories live. Discover now