Chapter 59

13.7K 1.5K 126
                                    

(Unicode)

"အိပ်မွေ့ချပြီး မှတ်ဉာဏ်ပြန်ခေါ်တယ်ဆိုတာ ပုံမှန် လူတွေ ပြောကြသလောက် အရမ်း လွယ်ကူရိုးရှင်းတာမျိုး မဟုတ်ဘူး။
အိပ်မွေ့ချလိုက်တဲ့အချိန် လူရဲ့ သိစိတ်နဲ့ မသိစိတ်ကြားက
ကူးလူးယှက်သန်းသွားတယ်။
မြင်အောင် ပြောရရင် သာမန်ချိန်မှာ ပိတ်ထားတဲ့ ပြတင်းပေါက်က လှိုက်ကာစလေး လှပ်ခနဲ ပွင့်သွားသလိုမျိုးပေါ့။
အဲ့လိုအချိန်မှာ တစ်ချိန်က မသိစိတ်ရဲ့ စေစားမှုကြောင့် ဖြစ်စေ၊ တစ်စုံတရာ ထိခိုက်မှုကြောင့် ဖြစ်စေ ဖိနှိပ်ထားတဲ့ မှတ်ဉာဏ်တွေက သေချာတဲ့ လမ်းညွှန်မှုတစ်ခုအောက်မှာဆိုရင် အသိအာရုံ အဖြစ်ပြောင်းပြီး ပြန်ပေါ်လာနိုင်တယ်။
ဒါပေမဲ့ အရေးအကြီးဆုံး သတိထားစရာက ဘာလဲဆိုတော့ အဲ့အချိန်က လူ့​စိတ်ရဲ့  အပွင့်လင်းဆုံးအချိန်ဆိုတာပဲ။
အတွေးတွေ အဖြန့်ကျက်ဆုံးအချိန်။
အဲ့လိုအချိန်မှာ ပေါ်လာသမျှ မှတ်ဉာဏ်တိုင်းက အမှန် ​ဖြစ်ချင်မှ ဖြစ်တတ်တယ်။
တစ်ခါတလေ လမ်းကြောင်းလွဲပြီး ကိုယ်ယုံကြည်မိသလို စိတ်ကူးယဥ် ပုံဖော်မိတာမျိုးလည်း ဖြစ်တတ်တယ်။”

"ဆရာကြီး ပြောချင်တာက ကျွန်တော်က တကယ် ဖြစ်ခဲ့တာကို မှတ်မိတာမျိုးအပြင် မှတ်ဉာဏ်အတုတွေပါ ဖန်တီးမိနိုင်သေးတဲ့ သဘောပေါ့။”

ဆရာကြီးနှင့် ခန့်ညားရှိန် အပြန်အလှန် ပြောနေတာကို ကြည့်ရင်း ခွန်းထက်မာန် မျက်လုံး အဝိုင်းသား ဖြစ်နေမိသည်။

မနက်က သူ ဖုန်းဆက်တော့ ဆရာကြီးက လာခဲ့ပေးရန် ချက်ချင်း သဘောတူသည်။
အခြေအနေအရ ဆရာကြီး၏ ဆေးခန်းတွင် မဟုတ်ဘဲ Estela ရုံးချုပ်မှာရော အဆင်ပြေမလားဟု တောင်းဆိုမိပြန်တော့လည်း သူ့ကို သံယောဇဉ် ရှိသော ဆရာကြီးက လက်ခံပေးရှာသည်။

ဒီရောက်ပြီး အကျိုးအကြောင်း ပြောပြကာမှ ဆရာကြီးက အင်တင်တင် ဖြစ်သွားတော့သည်။

"အဲ့လိုလည်း ဟုတ်တယ် သား။
နောက်တစ်ခုက ခု ပြောပုံအရဆို သား ပြန်လိုချင်နေတဲ့ မှတ်ဉာဏ်က ပျော်ပျော်ရွှင်ရွှင်တွေ မဟုတ်ဘူး။
ထိတ်လန့်စရာ အခြေအနေမှာ ဖြစ်ပျက်သွားခဲ့သမျှ မှတ်ဉာဏ်တွေ။
ငယ်လွန်းတဲ့ အသိစိတ်က လက်မခံချင်လို့ ပျောက်ကွယ်နေတဲ့ အဲ့လို မှတ်ဉာဏ်တွေကို သွားပြီး တူးဖော်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တယ်လို့ ဆရာ ထင်တယ်။
အဲ့တာကြောင့် ဆရာ့အနေနဲ့ကတော့ မလုပ်ခင် နည်းနည်း ပြန်စဥ်းစားစေချင်သေးတယ်။”

OH...My Beloved BadassWhere stories live. Discover now