Chapter 36

18.2K 2K 334
                                    

(Unicode)

"သူ့ဘက်က Training ပိုင်း ကူပေးမယ်ဆိုတော့ ကျွန်တော် တော်တော် သက်သာသွားမှာ။
Production ပိုင်းက ကျွန်တော်ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်လို့ရမယ်။
သူက အခု Filming ပိုင်းမှာ တော်တော် နာမည်ရနေတာဆိုတော့။
YGT filming လေ ခွန်း ကြားဖူးလား။”

ခွန်းထက်မာန် ခေါင်းညိတ်ရင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။

ခန့်ညားရှိန်က ဒီရက်ပိုင်း အလုပ်တွေ အရမ်း များ​ေနသည်။
ကုမ္မဏီက လက်ရှိရာထူး တာဝန်အပြင် သူ့အဖေ၏ အခြား စီးပွားရေး လုပ်ငန်းများ၊ ဈေးကွက် အကြောင်း၊ သူ့ကိုယ်ပိုင် ရည်ရွယ်ထားသော Entertainment Project စသည်တို့ဖြင့် လုံးလည်ချာလည်လိုက်နေရှာသည်။

သို့သော်လည်း အားပြီဆိုတာနှင့် ခွန်းထက်မာန်ဆီသို့သာ ရောက်လာမြဲ။
ရသမျှ အချိန်တိုင်းကိုတော့ သူနှင့်သာ အတူ ကုန်ဆုံးမြဲ။

တစ်ခါတလေ ခန့်ညားရှိန်၏ အလုပ်တစ်ချို့ကို သူပါ ကူပေးသဖြင့် နှစ်ယောက်လုံး မအားလပ်သည့်တိုင် တစ်ပတ် သုံးကြိမ်လောက်တော့ လူချင်းတွေ့ ဖြစ်ကြသည်။

ဒီနေ့တော့ ခွန်းထက်မာန်၏ မိတ်ဆွေ၊ အရင်က Thai-Entertainment မှာ နေရာတစ်ခုထိ ရောက်ခဲ့သူ ကိုဇိုင်းလွင်သူ နှင့် ခန့်ညားရှိန်ကို မိတ်ဆက်ပေးဖြစ်ခြင်း။

သူတောင် ဘာမှ သိပ်ဝင်ပြောစရာ မလိုဘဲ ခန့်ညားရှိန်က ကိုဇိုင်းနှင့် တက်ကြွစွာ ဆွေးနွေးသည်။
လိုချင်သည့် အခြေအနေရလာတော့ ခန့်ညားရှိန်တို့ ထုံးစံအတိုင်း ပျော်ရွှင်မြူးတူးကာ တတွတ်တွတ် ပြော၍ မဆုံးတော့ပေ။

ကော်ဖီဆိုင်မှ ပြန်ထွက်အလာ ခုကားပေါ် ရောက်တာတောင် ကားမထွက်နိုင်သေးဘဲ ထို အကြောင်းအရာကိုသာ စိတ်ပါလက်ပါ ပြောနေဆဲ။

အလုပ်မှာ ဈာန်ဝင်စားတာ ကောင်းပေမယ့် အခုက လိုတာထက် ပို စိတ်နှစ်လွန်းနေလားဟု ခွန်းထက်မာန် ထင်မိသည်။

မျက်လုံးအောက်က မျက်ကွင်းညိုတွေ တစ်ရက်တခြား ပို,ပို ထင်းလာတာကလည်း သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

"စ,စချင်းတော့ ပြိုင်ပွဲအနေနဲ့ပဲ စ လိုက်ရမယ် ထင်တယ်။
ကျွန်တော်က K style, Thai style တွေထက် သီးသန့် ကွဲထွက်မယ့် ပုံစံမျိုး သွားချင်တာ။
ကိုယ်ပိုင်ဟန် သီးသန့် ရှိတာ...ခွန်း ကျွန်တော် ပြောတာ နားထောင်နေရဲ့လား။”

OH...My Beloved BadassWhere stories live. Discover now