Extra 4 (Part 2)

8.9K 1.1K 99
                                    

(Unicode)

"ဟူးးး...”

ဆုံလည်ကုလားထိုင်ကြီးကို ကျောမှီချရင်း ခန့်ညားရှိန် အားပါးတရ သက်ပြင်းမော ရှိုက်ထုတ်လိုက်မိသည်။

အစည်းအဝေးတို့ ထုံးစံအတိုင်း စည်းကြဝေးကြ၊ ငြင်းကြခုန်ကြတာ လိုအပ်သည်ထက် ပိုကြာမြဲပင်။

နည်းနည်းလေး အနားရသလို ခံစားမိသည်နှင့် သူ ခုံမှ ထရပ်လိုက်သည်။
ထို့နောက် ဘေးရှိ project manager ကောင်လေးကို file ကမ်းပေးလိုက်သည်။

"Director အတွက် စာချုပ်ကို ဒီည အပြီး ပို့ပေးလိုက်နော်။
ဒီနေ့ audition ခေါ်တဲ့ဟာကို ငါ တစ်ချက် သွားကြည့်လိုက်အုံးမယ်။”

ကောင်လေးက ဟုတ်ကဲ့ဟု ခေါင်းညိတ်သည်နှင့် သူ ထိုအစည်းအဝေးခန်းမှ ထွက်လာလိုက်သည်။

သားသားတောင် ဘယ်နားရောက်နေလဲ မသိ။

Company ပြန်ရောက်ရောက်ချင်း အစည်းအဝေးချိန် ကပ်နေပြီ ဖြစ်၍ သားသားကို လက်ထောက် မသူထံသို့ ခဏ အပ်ထားခဲ့ရသည်။

ထို အပျိုကြီး မမက သားသားကို အတော်ချစ်သည်။

သူတို့မိသားစုအကြောင်း သိသူက Company တစ်ခုလုံးတွင် လက်ချိုးရေ၍ ရသည်။
ခန့်ညားရှိန်နှင့် အနီးကပ် တွဲလုပ်ရသည့် လက်ထောက်တစ်ချို့နှင့် ဖေဖေနှင့်ပါ ရင်းနှီးသော ရှယ်ယာဝင်လူကြီးအနည်းငယ်သာ...

Entertainment company တို့၏ ထုံးစံအတိုင်း ဓာတ်လှေကားကအစ VVIP သီးသန့်ခွဲထားသဖြင့် အာရုံနောက်စရာလည်း မရှိ။
အဲ့တာကြောင့် သားသားရော၊ ခွန်းရော မကြာခဏ လာသည့်တိုင် မလိုအပ်သည့်သတင်းတွေ မပျံ့...

ဓာတ်လှေကားထဲ ဝင်ရင်း သူ နာရီကို တစ်ချက်ကြည့်မိသည်။

ခွန်း လာဖို့တော့ လိုပါသေးတယ်...အချိန်ရသေးတယ်...

လူရွေးတာကတော့ အခုနကတည်းက ပြီးသွားပြီ။
သူက သွားစပ်စုရုံ...

Artistတွေကို အကဲဖြတ်ဖို့ထိတော့ သူ မနိုင်သေးသော်လည်း...ကိုယ့်လုပ်ငန်းနှင့်ဆိုင်တာမို့ သူ အတတ်နိုင်ဆုံး သင်ယူရမည် မဟုတ်ပါလား...

ဓာတ်လှေကားမှထွက်၊ Audition ခန်းများရှိရာ ကော်ရစ်ဒါဘက်သို့ လျှောက်နေစဥ်မှာပဲ...

OH...My Beloved BadassWhere stories live. Discover now