(Unicode)
"အစ်ကို...အစ်ကို...”
"နှိုးမရဘူးလား...”
"မသိဘူး...တစ်ခုခုများ ဖြစ်သွားလားါ
အစ်ကို....”ခပ်သဲ့သဲ့ ကြားနေရသော စကားလုံးတွေက ဝေးသွားလိုက်၊ ပြန်နီးလာလိုက်...
တဝီဝီ အူနေသော နားနှစ်ဖက်တွင် ဘာကိုမှ သဲကွဲစွာ မကြားရ...
အားစိုက်ကာ မျက်လုံးတွေကို ကြိုးစား ဖွင့်ကြည့်မိတော့ မြူတွေဆိုင်းနေသော ကားရှေ့မှန်လို အရာအားလုံးက ဝေဝါးလျက်။
လည်မျိုတစ်ခုလုံး ခြောက်ကပ် မွန်းကျပ်နေစေသည့် အနံ့တွေက ယမ်းနံ့နဲ့ သွေးနံ့ဆိုတာကို စက္ကန့်အချို့အတွင်းမှာပင် ရိပ်စားမိလိုက်မိသည်။
မသိစိတ်ဖြင့် မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းနှင့်မှ အရာအားလုံးက အနည်းငယ်မျှ ပိုပြတ်သားလာသည်။
ပတ်ပတ်လည်ရှိ အလင်းရောင်နှင့် လူ့ပုံရိပ်၊ ပိုမို ကျယ်လောင်လာသော စကားသံတစ်ချို့၏ အဓိပ္ပာယ် စသဖြင့်....
တစ်စတစ်စ ပြေလျော့လာသော ထုံထိုင်းမှုတွေကြား...
ပထမဆုံး ခံစားမိသည့်အရာက...
နာကျင်မှု....
ဘယ်နေရာက အစချီမှန်း မသိအောင် တစ်ကိုယ်လုံး နာကျင်မှုကို ခံစားမိသော်လည်း...
ဘယ်ဘက်ရင်အုံ နံရိုးအတွင်းဖက်နေရာက အဆိုးဆုံး ဖြစ်နေသည်။
တစ်စုံတစ်ယောက်က နှလုံးသားကို ဆွဲဆုပ်ကာ ဖျစ်ညှစ်ထားသလို...
နာကျင်မှုနှင့် ရောယှက်ကာ တဖြည်းဖြည်း အသိဝင်လာသည်နှင့်...
လှပ်ခနဲ အတွေးထဲ ပေါ်လာသည်က...
"ခွန်း...”
ထို စက္ကန့်ပိုင်းမှာတင် အသိအာရုံတစ်ခုလုံး ကြည်လင်သွားကာ ရင်ထဲ ဗလောင်ဆူသွားသည်။
ဘုရားရေ...
ဘာတွေ ဖြစ်ကုန်တာလဲ...
ကမန်းကတမ်း ကြမ်းပြင်ပေါ် လက်ထောက်ကာ ထရပ်ဖို့ ပြင်တော့ လက်ဖဝါး ပေါ်မှ စပ်ဖျဥ်းဖျဥ်း ခံစားချက်နှင့်အတူ
ခေါင်းထဲလည်း မိုက်ခနဲ...
YOU ARE READING
OH...My Beloved Badass