Extra 6 (Part 1)

9.8K 888 86
                                    

(Unicode )

A/N

A/N

Part 1 လေးပဲ အရင် တင်လိုက်ပါတယ်နော်။
၁ ပိုင်းတည်း ပေမယ့် စာလုံးရေ ၈၀၀၀ ကျော်ပြီး ဇာတ်လမ်းအရ တစ်ပိုင်းစာ အပြည့်ရှိတာမို့ပါ😚
အဆုံးက A/N ပါ ဖတ်ပေးနော် 👀
ပြစရာရှိ...

.........

"အွန်း...ဟွန်.....ဟင်”

လက်တစ်ဖက်မှ ယောင်ယမ်းပြီး စမ်းမိသည့် အေးစက်စက် အိပ်ရာခင်း အထိအတွေ့ကြောင့် ခွန်းထက်မာန် ခေါင်းအုံးမှ ဆတ်ခနဲ ခေါင်းကြွလိုက်မိသည်။

ဝါဖျော့ဖျော့ ညအိပ်မီးရောင်ကြား မျက်လုံးကို ဖြဲကြည့်မိတော့....

ကျစ်...

ခွေးကောင်လေး ရှိမနေပြန်...

သက်ပြင်းရှိုက်ရင်း မျက်နှာကို လက်နှင့်အုပ်ကာ ခဏ ငြိမ်နေမိသည်။
တစ်ညတည်း နှစ်ခါလောက် နိုးထားပြီ ဖြစ်၍ လူက အတော့်ကို ငိုက်နေဆဲ...

ဝုန်းခနဲ ပြန်လှဲအိပ်ချလိုက်ချင်သော်လည်း...

Hmmmm...ဒီတစ်ခါမှ ငါ ထ မပြောရင် ခွေးကောင်လေးက ဒီတစ်ညလုံး အိပ်မှာ မဟုတ်ဘူး။

နောက်တစ်ကြိမ် သက်ပြင်း ထပ်ရှိုက်ရင်း သူ မျက်နှာကို လက်နှင့်ပွတ်ကာ ကုတင်မှ ယိုင်တိုင်တိုင် ထ လိုက်ရသည်။
ထို့နောက် အခန်းတံခါးကို အသံမထွက်အောင် ထိန်းဖွင့်ရင်း အပြင်သို့ အသာလေး ခေါင်းပြူကြည့်လိုက်တော့...

ထင်ထားသည့်အတိုင်းပင်...

မျက်နှာချင်းဆိုင် အခန်းတံခါးကို ဟကာ အထဲသို့ ချောင်းနေသည့် ခန့်...

ရင်ထဲ မျက်ခနဲ ဖြစ်ကာ သူ ပင့်သက်ခိုးရှိုက်လိုက်မိသည်။

ဒီကောင်လေးကတော့လေ...

ဘုဏ်းရှိန် အခန်းပြောင်းသွားပြီးပြီးချင်းညကတည်းက ခန့်ညားရှိန်တို့ ညဆို တစ်ညလုံး နိုးလိုက်အိပ်လိုက် တဖျတ်ဖျတ် ဖြစ်နေတာ...ခုဆို ၃ ည တောင် ရှိနေပြီ။

သို့ပေသိ ဒီခွေးကောင်လေးခမျာ အသားမကျနိုင်ရှာသေး...

လွန်ခဲ့သည့်အပတ်က ညစာ စားပွဲတွင် ဘုဏ်းရှိန် အခန်းခွဲ အိပ်ချင်တယ်လို့ စစ ပြောလာသည့်အချိန် ခန့် ဖြစ်သွားသော မျက်နှာပေးကိုလည်း သူ အတိအကျမှတ်မိသေးသည်။

OH...My Beloved BadassWhere stories live. Discover now