Epilogue

21.9K 1.6K 231
                                    

(Unicode)

6 နှစ်ခန့်ကြာသော်

"5 4 3 2 1 Action”

"မင်္ဂလာပါ အစ်ကိုရှင့်”

"ဟုတ်ကဲ့ မင်္ဂလာပါ။”

"ခုလိုမျိုး သီးသန့် တွေ့ဆုံမေးမြန်းခွင့် ရတဲ့အတွက် ညီမတို့ Show Stars Media ဘက်က ကျေးဇူးတင်ကြောင်းလေး အရင် ပြောပါရစေရှင့်။”

"ဟုတ်ကဲ့ အစ်ကိုကလည်း ခုလို ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။”

"ဟုတ်ကဲ့ပါရှင်။
ညီမ ပထမဆုံး မေးချင်တဲ့ မေးခွန်းလေးကတော့...
ခုဆိုရင်ပေါ့နော်။
KK entertainment က မြန်မာလူငယ်တွေကြားမှာ အတော်ကို ရေပန်းစားတဲ့ အနုပညာ ကုမ္မဏီဖြစ်နေတယ်။
အခြား သမားရိုးကျ Style တွေ အားလုံးကနေ ကွဲထွက်ပြီး ကိုယ်ပိုင် idea အသစ်တွေချည်း ချပြနိုင်တယ်။
ဒီ entertainment က ထွက်သမျှ Idol gp တွေ၊ သရုပ်ဆောင်တွေဆိုတာလည်း နာမည် မကျော်တာ မရှိဘူးပေါ့နော်။
အဲ့လိုမျိုး အနုပညာ ဝါသနာပါတဲ့ မြန်မာလူငယ်တိုင်းရဲ့ အိမ်မက်လို့ ပြောလို့ရတဲ့ နာမည်ကျော် Entertainment ကုမ္မဏီတစ်ခုရဲ့ CEO က အသက် ၃၀တောင် မပြည့်သေးဘူးဆိုတာ သိရတော့ တော်တော်များများလည်း အံ့သြ ကြတယ်ပေါ့နော်။
ဒီလို အသက်အရွယ်နဲ့ ဒီလောက်ထိ အောင်မြင်လုပ်နိုင်ခဲ့တာ အပေါ် အစ်ကို ဘယ်လိုများ ကြိုးစားအားထုတ်ခဲ့ရလဲဆိုတာလေး ပြောပြပေးလို့ရမလားရှင့်။”

ခန့်ညားရှိန် မသိမသာဖြင့် ဟင်းခနဲ သက်ပြင်းခိုးချမိသည်။

ဒါတွေချည်းပဲ...

လွန်ခဲ့သော လေးနှစ်ကျော် သူ့ Entertainment company စ ပြီး မိတ်ဆက်ကတည်းက မရိုးနိုင်ဆုံး မေးခွန်းကို ပြပါဆို အဲ့ ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာသာ ဖြစ်မည်။

ငွေအား၊ လူအား အဆက်အသွယ် ကောင်းမှု စသည့် အကြောင်းပြချက်တွေဖြင့် KK entertainment က စ,စချင်းကတည်းက အများသူငါထက် အဆပေါင်းများစွာ ထိုးဖောက်နှုန်းအား ကောင်းခဲ့သည်။
စင်တင်ပေးသမျှ အနုပညာရှင်အားလုံးလည်း ပရိသတ် ရင်ထဲသို့ ရောက်သည်။
ငှားရမ်းထားသော ပညာရှင်များ၏ အကြံဉာဏ်တွေ အပြင် ကိုယ်ပိုင်ဆန်းသစ်မှုတွေပါ ပေါင်းစည်း၍ ချပြသမျှ Idea တွေကလည်း အမြဲလို သစ်လွင်နေတတ်သည်။

OH...My Beloved BadassWhere stories live. Discover now