Chapter 46

15.1K 1.8K 145
                                    

(Unicode)

ဒေါက်ဒေါက်

"ခွန်းရေ..."

တံခါးမှ တိုးဖွဖွ ခေါက်သံလေးကြောင့် ခွန်းငယ်သွေး TV ကြည့်နေရာမှ ဆတ်ခနဲ တုန်တက်သွားရသည်။

ဒါ...ကျိန်းသေ ဟိုပေါက်စပဲ...

ဒီအချိန်ကြီး ဘာလာလုပ်တာလဲ...
ဒုက္ခပါပဲ...

ဈာပနပြီး နောက်ရက်ကတည်းက ပူဖောင်းတို့ မိသားစုလိုက် စံအိမ်မှ ပြန်သွားကြသည်။

နောက် ဘယ်တော့မှ မတွေ့ရလောက်တော့ ခွန်းငယ်သွေး ထင်မိရာမှ ခုလို ၂လ အကြာ ပြန်ရောက်ချလာကြခြင်းပင်။

ဟိုတစ်ခါ မပြန်ခင် ပူဖောင်းက ခွန်းငယ်သွေးကို နှုတ်ဆက်မည့်ဟန် ဟိုရှာဒီရှာ လုပ်နေ၍ ဦးထွဋ်က ရိပ်မိခဲ့သွားသည်။စကား မပြောဖြစ်ကြပါဟု ဗြောင်လိမ်တာတောင် ခြေသလုံးကို ၃ ချက်တိတိ ရိုက်ခံထိလိုက်သည်။

ထို့ကြောင့် ဒီတစ်ကြိမ်တော့ ပေါက်စနှင့် အဝေးဆုံးမှာ ပုန်းနေမည်ဟု တွေးကာ အခန်းတွင်း အောင်းနေရာမှ ခုတော့ အခန်းရှေ့ထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ချေပြီ။

"ခွန်း...သားပါ...ပူဖောင်းပါ"

အေးဟေ့ မင်းမို့လို့ တံခါး မဖွင့်ပေးတာဟ...

ဦးထွဋ်ရောက်လာလျှင် သူ့တူကို သူ့ဟာသူ ရှင်းပေလိမ့်မည်။

ထပ်ခါထပ်ခါ တံခါးထုသံ ကြားသော်လည်း သူ မသိချင်ယောင်ဆောင်နေမိဆဲ။

"ခွန်း သားကို စိတ်ဆိုးနေတာလား...
သား မှားတာ ရှိလို့လား"

ငိုသံလေး ပါချင်လာသော ထိုကလေး၏ အသံကြောင့် ခွန်းငယ်သွေး သက်ပြင်းချလိုက်မိသည်။

အံကို တင်းတင်းကြိတ်ကာ TVကိုပဲ အာရုံစိုက်ထားဖို့ ကြိုးစားသော်လည်း စိတ်တွေက နည်းနည်းမှ အစိုးမရချင်တော့။

ခြေထောက်ယားသလို၊ ရင်တုန်သလိုနှင့် ဖင်တကြွကြွ ဂဏှာမငြိမ် ဖြစ်ချင်လာသည်။

စိတ်ထိန်းထားစမ်း...ခွန်းငယ်သွေး...
ဦးထွဋ်သာ သိရင် မင်းသေမှာ...
ဒီတစ်ခါဆိုရင်တော့ အသားကုန် အဗျင်းခံရမှာ...

OH...My Beloved BadassWhere stories live. Discover now