Chapter 51

14K 1.6K 55
                                    

(Unicode)

ပူဖောင်းလေး...

ဟုတ်ပါရဲ့ ဒါ ပူဖောင်းလေးပဲ ကျိန်းသေပါတယ်...

အတိအကျ တူမနေပေမယ့် ငယ်ရုပ်ထင်းနေသော မျက်နှာလေးက ရင်ထဲစွဲနေသော ပုံရိပ်ငယ်လေးနှင့် ထပ်တူကျလုနီးပါး ဖြစ်နေတာ အမှန်။

ရင်ထဲ တဒိန်းဒိန်း ဖြစ်လာခြင်းနှင့်အတူ အသိအာရုံတွေက တစ်စတစ်စ ဝေဝါးပြာရီလာသည်။

"ဟဲလို...မာန် ကြားလား
Line ပျက်သွားတာလား ဟဲလို"

နားတွင် ကပ်လျက် ဖုန်းမှ အစ်ကိုဇေယျာ၏ အသံကလည်း မှိန်တစ်လှည့် ကြားတစ်လှည့်...

"နောက်...နောက်မှ ကျွန်တော် ပြန်ခေါ်လိုက်မယ်။"

တစ်ဖက်မှ အဖြေကို နားမထောင်ဘဲ ချက်ချင်း ဖုန်းကို ချပစ်သည်။

တုန်ယင်စ ပြုလာသော လက်ချောင်းတွေနှင့် ဓာတ်ပုံမှန်ပေါ်မှ မျက်နှာလေးကို အသာ တို့ထိကြည့်လိုက်တော့...

ရင်ထဲ လှိုက်ခနဲ ဖြစ်သွားရခြင်းနှင့်အတူ...

နွေးထွေးလွန်းသော ခံစားချက်...

ဘုရားရေ...

ကလေးငယ်လေး...
ငါ့ရဲ့ ကလေးငယ်လေး

တကယ်ပဲလား...
ဒါ တကယ်ပဲလား...

မျက်စိထဲ ပြန်မြင်ယောင်လာသော သေစာရင်း ၃ ခုကြား သူ့အတွေးတွေ ရှုပ်ထွေးနောက်ကျိလာသည်။

သူ Estela ကို စ ရောက်ရောက်ချင်းလည်း ပူဖောင်းလေး အကြောင်း ထပ်စုံစမ်းခဲ့သေးသည်။
တကယ်ကို မိသားစု သုံးယောက်လုံး သေသွားပြီဟုသာ သိခဲ့ရတာပင်။

စိတ်ကို ဒုံးဒုံးချ လက်လျှော့လိုက်ပြီးကာမှ...

ဒါက တကယ်ရော ဖြစ်နိုင်ပါ့မလား...
သူ့ စိတ်ဇောနဲ့ ဖြစ်စေချင်တာကိုများ လျှောက်ထင်နေမိသလား...

စိတ်လှုပ်ရှားမှုဖြင့် လက်ဖျားခြေဖျားတွေက ရေထွက်မတတ် တုန်ရီ အေးစက်လာသည်။
နှလုံးခုန်သံ တစ်ဒိန်းဒိန်းက နားထင်သို့ပင် အပြန်ပြန် ပဲ့တင်ထပ်နေသလို။

ရုတ်တရက် တံခါးနားမှ ကြားလိုက်ရသော ခြေသံပြင်းတွေကြောင့် သူ ဆတ်ခနဲ တုန်တက်သွားမိသည်။

OH...My Beloved BadassWhere stories live. Discover now