Extra 1(Part 3)

10.8K 1.1K 59
                                    

(Unicode)

ကျွီကျွီ....

ကားကို စက်သတ်ပြီးသည်နှင့် ခန့်ညားရှိန် လက်ထဲက အထုပ်တွေကို သေချာစွာ ပြန်ကြည့်လိုက်သည်။

အိုခေ...စုံပါပြီ...

ခြေလှမ်းတွေကို ဂေဟာအိမ်ဘက်သို့ ဦးတည်လိုက်သည်နှင့် တစ်ပြိုင်နက်...

"ကိုကြီးခန့် လာပြီဟေး...”

သံပြိုင် အော်ရင်း...ဘောလုံးကစားနေရာက ပြေးလာသော ကလေးတွေ...

သူ ရယ်ကာ လက်ထဲက အထုပ်တွေကို မြှောက်ပြလိုက်သည်။

"မင်းတို့အတွက် ကစားစရာတွေ ဝယ်လာတယ်။
ရေမိုးချိုးပြီးမှ ကြည့်နော်။
ကြီးကြီးကို ပေးထားမယ်။”

"ဟုတ်ကဲ့...”

မျက်လုံးရောင် တလက်လက်နှင့် တက်ကြွသော ဖြေသံက ခြံဝန်းတစ်ခုလုံးကို ဟိန်းသွားစေသလို...

ကလေးတွေ ကစားလက်စ နေရာကို ပြန်ပြေးသွားကြချိန်မှာပဲ....

"သားကို နေ့လယ်ထဲက လာမယ်ထင်နေတာ...”

အိမ်ဘက်မှ ကြီးကြီးအသံကို ကြား၍ သူ လှည့်ကြည့်မိတော့နှုတ်ခမ်းစွန်းတွေက အလိုလို ကွေးသွားမိသည်။

ကြီးကြီးလက်ထဲမှ ပုစိက အသားကုန် ရုန်းကန်ကာ သူ့အား လက်ရော ခြေရော ဆန့်ပေးနေသည် မဟုတ်ပါလား။

"ဒီကလေးကတော့ သား လာတာနဲ့ မြူးနေတော့တာပဲ...”

မနိုင်သလို ခေါင်းတစ်ခါခါနှင့် ပြောနေသော ကြီးကြီးကြောင့် သူ ရယ်ရင်း လက်ထဲက အထုပ်တွေကို အိမ်ရှေ့ဒန်းပေါ် တင်လိုက်သည်။

ထို့နောက် အကောင်ပေါက်ကို ကြီးကြီးလက်ထဲမှ ပြောင်းယူလိုက်သည်။

သာမန် ၁ နှစ်ကျော် ကလေးထက် ပိုပြည့်သော ခန္ဓာကိုယ်ကြောင့် လက်ပေါ်ရောက်တာနှင့် နင့်ခနဲပင်။

"ဒီကလေးက ဦးဦးကို မျှော်နေတာပေါ့ ဟုတ်လား...
ပြောပါအုံး...
မျှော်နေတာလားလို့...”

"ခစ်...ခစ်...အ...အာ..”

တခစ်ခစ် ရယ်ရင်း မျက်နှာကို လာ ပွတ်သပ်တဲ့ လက်သေးသေးလေးတွေ...

OH...My Beloved BadassWhere stories live. Discover now