Extra 4 (Part 1)

9.3K 1K 138
                                    

(Unicode)

လက်ကောက်ဝတ်မှ တရစပ် လှုပ်ခံနေရသည့် အထိအတွေ့ကြောင့် မျက်တောင်တွေကို ဖြည်းဖြည်းချင်း တွန်းတင်နေရသည်။

ကြားနေရသော ခေါ်သံကလည်း ပို,ပို ကြည်လင်လာသလို...

စူးခနဲ့ နေအလင်းရောင်ကို အသားကျသွား၍ အမြင်ကြည်လင်သွားသည်နှင့် တစ်ပြိုင်နက်...

ထင်သည့်အတိုင်း အကောင်ပေါက် ကိုပုစိ...

"ဖေဖေ...ဖေဖေ...နိုးပြီလား”

မျက်နှာနားကပ်ပြီး အသည်းအသန် မေးနေသည့် ခွေးပေါက်လေးကြောင့် ခန့်ညားရှိန် ပြုံးရင်း အသာ ထ ထိုင်လိုက်ရသည်။

"နိုးပါပြီဗျာ...”

ပြောရင်းနှင့် ကုတင်ဘေးက ဂဂျောင်ကောင်ကို ပေါင်ပေါ် စွေ့ခနဲ ချီတင်လိုက်တော့ သကောင့်သားက ငြိမ်ပြီး ပါလာသည်။

"အကြာကြီး နှိုးရတယ်။”

စောဒကတက်သံလေးက တုံးတိတိ။
မျက်နှာလေးက စူပုတ်ချင်ချင်။

အေးစက်စက်နှင့် ကုတ်ကုတ်လေး ရှုံ့မဲ့နေပုံက အသည်းယားစရာ တကယ် ကောင်းလွန်းလှသည်။

ဘုဏ်းရှိန် စကားပြောပုံက တကယ်ကိုမှ ဆန်းကျယ်သည်။
စကားစတတ်ကတည်းက ခုချိန်၄နှစ်ကျော်ထိ တခြားကလေးတွေလို စကား ကြွယ်ကြွယ်ဝဝ သိပ်မပြော။

အဲ့လိုဆို၍ စကား သိပ်မပြောတတ်၊ အနေအေးသည်ဟု ထင်လိုက်လို့ကတော့ တက်တက်စင်အောင် လွဲမည်ပင်။

ကြည့်ရင်းကြည့်ရင်းပင် အသည်းယားလာသဖြင့် သူ ဖျစ်ညှစ်လိုက်မိတော့...

"အ.....”

"ရှူး...တိုးတိုး...
မင်းပါးပါး အိပ်နေတုံးလေ။
ဘာလို့ အော်တာလဲ...”

မထင်မှတ်ဘဲ ထွက်လာသော အော်သံကြောင့် ခန့်ညားရှိန် လန့်ကာ ဘေးက အိပ်မောကျနေဆဲ ခွန်းကို ကြည့်ပြီး ​ပြောလိုက်မိတော့...

"ဖေဖေက တအားဖျစ်နေတာကိုး။
သားက ပါးပါးလို လူကြီး မဟုတ်ဘူးလေ...”

ရှိန်းခနဲ ပူတက်သွားသော ခံစားချက်နှင့်အတူ သကောင့်သားကို ဖက်ထားရာမှ ချက်ချင်း လွှတ်လိုက်မိသည်။

OH...My Beloved BadassWhere stories live. Discover now