Chapter 22

16.4K 2.1K 219
                                    

(Unicode)

"ငါပြောတာ ရှင်းရှင်းလေးကွာ။
အဲ့ဘိုးတော်က ပိုသာလို့ ငါနဲ့ တွဲရင်း ခြံခုန်သွားတယ်။
နည်းနည်းတော့ အသည်းပေါက်ပေမယ့် ငါ လက်ခံပေးနိုင်တယ်။
ငါလည်း ငါ့ဇယားအသစ်နဲ့ ငါ အဆင်ပြေနေပြီ။
ခုမှ တကျော့ပြန်ပြီး ငါ့ဆီ ပြန်လာကပ်တယ်။
ငါနဲ့သူက ငယ်ကျွမ်းဆွေတွေလိုလို အထာနဲ့ ပလိန်းကြီး ဝင်နှောက်တာကွာ။
ငါလည်း စိတ်မရှည်တဲ့အဆုံး ဒဲ့ရှင်းလိုက်တော့ အဲ့မှာ မပြီးနိုင် မစီးနိုင်ကို ပြဿနာ ရှာတော့တာပဲ။
ငါ ပြောတာကကွာ...”

ဒါချည်းပဲ ထပ်ပြန်တကျည်ကျည် ​ပြောနေသော ဥက္ကာ၏ ရင်တွင်း ပေါက်ကွဲသံတွေက ခန့်ညားရှိန် နားထဲ ဝင်တစ်ချက် မဝင်တစ်ချက် ဖြစ်နေသည်။
ရှေ့မြင်ကွင်းထဲရှိ Bar ဝင်ပေါက်ကို မျက်တောင် မခတ်တမ်းကြည့်ရင်း ဝီစကီခွက်ကို လက်နှင့် လိုက်စမ်းကာ တစ်ငုံသောက်လိုက်သည်။

ရောက်ကတည်းက တစ်နေရာထဲကိုသာ အာရုံစိုက် ကြည့်နေ ရသဖြင့် မျက်ရိုးတွေပင် ကိုက်ချင်သလိုလို ဖြစ်လာသည်။
အစကတည်းက ဝင်ပေါက်တည့်တည့်ကို ကွက်တိ မြင်ရသော ခုံကို ရွေးယူထား၍သာ တော်ကာ ကျတော့သည်။

မသိမသာ သက်ပြင်းခိုးချရင်း နာရီကို ငုံ့ကြည့်တော့ ကိုးနာရီနှင့် ဆယ်မိနစ်။
Bar ပိတ်ရန် အချိန်တွေ အဝေးကြီး လိုသေးသော်လည်း Leo များ မလာတော့တာလားဆိုသည့် အတွေးကိုသာ သူ ထပ်တလဲလဲ တွေးနေမိသည်။
ဟိုတစ်ခါကလို ကိစ္စဆိုလျှင် Leo နောက်ကျမှ လာမည်ဆိုတာ ကျိန်းသေလှသော်လည်း ဘာကြောင့်ရယ်မသိ သူ ရင်ထဲ ရတက် မအေးနိုင်။

"အဲ့လို post တင်တာကြီးကတော့ လွန်ပါတယ်ကွာ။
ခန့်ညား ဟေး...မင်း ဘာဖြစ်နေတာလဲ။”

ရောင်နီက ပြောပြောဆိုဆိုနှင့် သူ့ ပုခုံးကို လာကိုင်လှုပ်သည်။
ရောက်ကတည်းက နား မုဒိန်းကျင့်ခံနေရသည့် အထဲ တစ်ယောက်တည်း မှိုင်တွေနေတာလေးပါ အဖျက်ဆီး ခံလိုက်ရသဖြင့် သူ စိတ်တိုလာသည်။

"အင်းအင်း ဟုတ်တယ်လေ။
ငါ ခေါင်းညိတ်ပြီး ထောက်ခံပေးနေတာပဲ။”

သူ ပြောတော့ ဥက္ကာက ဝီစကီ ထည့်ငှဲ့ရင်း နှာခေါင်းရှုံ့သည်။

OH...My Beloved BadassWhere stories live. Discover now