Chapter 64

13.6K 1.5K 196
                                    

(Unicode)

(Happy Birthday our brave leader, Daw Aung San Suu Kyi🎉💕)

ပလတ်စတစ် ဆေးဘူးကို လက်တစ်ဖက်တည်းနှင့် ကိုင်ရင်း သူ ဘောင်းဘီအိတ်ထဲမှ တံခါးသော့ကို ထုတ်လိုက်သည်။

ခဏလေးပဲဟု ထင်နေခဲ့တာ ခု ညနေတောင် စောင်းလုပြီ။

တစ်နေ့လုံး လက်ကျန် ရှိသမျှ ကိစ္စတွေ အကုန် သူ အပြီးဖြတ်ဖို့ ပြင်နေရသည်။
အလျင်စလို ပြောင်းသွားသော အစီအစဉ်အတွက် လိုအပ်တာတွေကိုလည်း အမြန် စီစဥ်နေရသည်။

ခုတော့ လုပ်စရာတွေ တော်တော်လေး ပြီးစီးပြီ။
တစ်ညလုံး ငယ်နှင့်အတူ အချိန်ကုန်လို့ ရပြီ။

တံခါးကို ဖွင့်ကာ ဝင်လိုက်သည်နှင့် ပြတင်းပေါက်တွင် ရပ်နေသော ငယ်က ချက်ချင်း လှည့်ကြည့်သည်။

လှိုက်ကာစကြားမှ ဖြတ်ကျော်လာသော ပြန်ကျနေရောင် က ဝင်းညက်နေသော အသားအရေနုနုကို ပိုပြီး လင်းလက်သွားစေသည်။
တင်းတင်းစေ့နေသော နှုတ်ခမ်းပါးတွေကြောင့် ပါးမို့မှ မှဲ့နက်ကလေးက ပိုထင်းလို့။
သူ့ကို မြင်သည်နှင့် အရောင်အသွေး ပြောင်းသွားသော မျက်ဆံနက်လေးတွေက ရင်တစ်ခုလုံးကို ပရမ်းပတာ ခုန်ပေါက်စေသည်။

ဘာလို့ အဲ့လောက်တောင်မှ လှရက်လွန်းတာလဲ ငယ်...

ဒီလောက် နှစ်ပေါင်းများစွာ ခြားနားခဲ့တာတောင် ငယ့်အလှက နည်းနည်းလေးမှ ပြောင်းလဲမသွားခဲ့...

ခန္ဓာကိုယ်တွင် ကြွက်သားတွေနှင့် ပိုမို တောင့်တင်းလာတာကလွဲရင် အားလုံးက သူ လုံးထွေးပွေ့ဖက်ထားလေ့ရှိသော ငယ်နှင့် အတူတူသာ ဖြစ်သည်။

အသက် ၂၈နှစ် လူကြီး လုံးလုံး ဖြစ်နေပြီဆိုတာကို သူ ယုံနိုင်ဖို့ ခက်လွန်းနေသည်။

"လှဲမနေဘူးလား ငယ်
ပင်ပန်းနေတယ် မဟုတ်လား။”

သူ့မေးသံက ကြည်လင်ပြတ်သားပါသော်လည်း ငယ်က မကြားသလို။

သူ ဝတ်ထားသည့် ကုတ်အကျီကိုသာ မမြင်ဖူးသည့် ပုံစံဖြင့် စူးစိုက် ကြည့်နေသည်။

"ငယ် ကိုယ်မေးနေတာ မကြားဘူးလား။”

သူ ခြေတစ်လှမ်း ထပ်တိုးကာ ခပ်ကျယ်ကျယ် မေးလိုက်တော့မှ ငယ်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ခေါင်းညိတ်သည်။

OH...My Beloved BadassWhere stories live. Discover now