Chapter 25

17.3K 2K 289
                                    

(Unicode)

"အဟင်း...အဟင်း”

387 ကြိမ်မြောက် ခန့်ညားရှိန် ချောင်းဟန့်ခြင်း။

သို့သော်လည်း အရင် အကြိမ်များစွာကလိုပင် သူ လုံးဝ အဖက်လုပ်ခြင်း မခံရ။

အံတင်းတင်းကြိတ်ကာ အပြင်ဘက်ကိုသာ ကြည့်နေသော Leo ​ကြောင့် သူ အတော်လေး နေရခက်လာသည်။

Leo မျက်နှာ အနေအထားက ခါတိုင်းထက် အဆပေါင်းများစွာ ခက်ထန်လွန်းနေသည်။
Leo ဒေါသထွက်သည့် ပုံစံကို သူ မကြာခဏ မြင်ဖူးသော်လည်း ခုကတော့ အတော်လေး ကွဲပြားသည်။

ဟို ကျက်သရေတုံးနဲ့ ဘာ ပြဿနာတွေများ ဖြစ်လို့ Leo အဲ့လောက်တောင် စိတ်တိုပုံ ပေါ်နေရပါလိမ့်။

မျက်မှောင်တွေ တွန့်ချိုးကာ အသက်ရှူသံတွေပါ တရှူးရှူး တရှဲရှဲ ဖြစ်နေသော Leo ကို ကြည့်ရင်း ခန့်ညားရှိန်ပါ မောသလို ခံစားရသည်။

အဲ့လောက်တောင် ဒေါသဖြစ်နေရင် ကိုယ့်အချစ်လေး ပင်ပန်းရချည်ရဲ့။

နှုတ်ခမ်းကိုက်ကာ ဘီလူး ကျွဲversion နှင့် ဇေယျာဆိုသည့်လူကို ကျိန်ဆဲရင်း Leo စိတ်ပြေစေမည့် နည်းလမ်းများကို အလျင်အမြန် စဥ်းစားရသည်။

တစ်စုံတရာ အမှားပါ၍လည်း မဖြစ်။
အခုလို အနေအထားနှင့်ဆို Leo က လူသတ်ဖို့ပင် ဝန်မလေးမည့် ပုံပေါ်နေသည်။

တိတ်တိတ်ဆိတ်ဆိတ်ကြီး ဖြစ်နေတော့ ကားအဲယားကွန်းနဲ့ ပိုပြီး မွန်းကျပ်နေသလိုပဲ။
လေကောင်းလေသန့် ဝင်အောင် အမိုး ဖွင့်လိုက်ရင် ကောင်းမလား။

စိတ်ကူးနှင့်အတူ ခလုတ်ကို ကောက်နှိပ်လိုက်တော့ ကျွီခနဲ အမိုးပွင့်သံနှင့်အတူ ရှိန်းခနဲ နေရောင်ကပါ တဟုန်ထိုး ဝင်လာတော့သည်။

လဖွတ်ဟ
၁၁ နာရီတောင် မထိုးသေးဘူး နေက အဲ့လောက်ပူရလား။

"ကျစ်...ခန့်ညားရှိန်။
ဘာ အရူးထ ပြန်ပြီလဲ။
ခု ပြန်ပိတ်။”

မာဆတ်ဆတ် Leo အသံဆိုးကြီးကြောင့် ခန့်ညားရှိန် အလန့်တကြားနှင့် ခလုတ်ကို နှစ်ချက်၊သုံးချက် ဖိမိသည်။
ထိုအခါ အမိုးက ပိတ်မလို၊ ဖွင့်မလို ဆန့်ငင်ဆန့်ငင် ဖြစ်ကာ အလယ်မှာ ရပ်ရပ် သွားသည်။

OH...My Beloved BadassWhere stories live. Discover now