Chapter 26

16.7K 1.9K 88
                                    

(Unicode)

"ဂျီး...ဂျီး”

ဟာ...ဘာတုန်းကွာ...

အိပ်မှုန်စုံမွှားနှင့် မျက်လုံးပွတ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ခွန်းထက်မာန် အလန့်တကြား ဖြစ်သွားရသည်။

Shitt....ငါ ဘယ်လိုတွေတောင် အိပ်ပျော်သွားမိတာလဲ။

ဝရန်တာမှ လှမ်းမြင်နေရသော အမှောင်ထုကြောင့် ဉာဥ့်အတော်နက်နေပြီမှန်း သူ ရိပ်မိလိုက်သည်။

မနက်စောစော လူကြီးတစ်ယောက်နှင့် သွားတွေပြီး ပြန်လာကတည်းက ခွန်းထက်မာန် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် အိပ်ပျော်သွားခြင်းပင်။

ဖုန်းကို ကြည့်လိုက်တော့ ခေါ်သူက ခန့်ညားရှိန်။
Missed call ဖြစ်သွား၍ ဘေးချထားရန် စဥ်းစားနေစဥ်မှာပဲ message တစ်စောင် ဝင်လာသည်။

"Leo အလုပ်လုပ်နေတာ ထင်တယ်။
ဖုန်း ထပ်မခေါ်တော့ဘူးနော်။
အားရင် ကျွန်တော့်ကို ဖုန်း ပြန်ခေါ်။”

သူ သက်ပြင်းချကာ ခေါင်းယမ်းလိုက်မိသည်။

နေရင်းထိုင်ရင်း ကြွက်တစ်ကောင်ကြောင့် စိတ်ပင်ပန်းခဲ့ရသည့်နေ့ကတည်းက ခန့်ညားရှိန်နှင့် မတွေ့ဖြစ်တာ သုံးရက်ရှိပြီ ဖြစ်သည်။

ရှော့ပင်းစင်တာကိစ္စက တစ်မျိုး၊ အခြား လုပ်ကွက်တွေက တစ်မျိုးနှင့် သူ့မှာ တစ်နေ့တစ်နေ့ လုံးလည်လိုက်၍ မဆုံး။
ဟိုတစ်ခါကလို အစ်ကိုနှင့် ထပ် မငြင်းခုံလိုတော့၍ အမည်မသိ ရှယ်ယာရှင်များကို သွားတွေ့ရာတွင် ခန့်ညားရှိန်ကို ခေါ်ခြင်းမျိုး သူ မလုပ်တော့။

ခန့်ညားရှိန်က သူ့ကို နေ့တိုင်း ဖုန်းဆက်သည်။
မကိုင်ဖြစ်လျှင် သူ ပြန်မခေါ်မှန်း သိသိနှင့် ပြန်ခေါ်ဖို့ Message ပို့သည်။
ကိုင်ဖြစ်လျှင် အရေမရ၊ အဖတ်မရ အလ္လာပသလ္လာပတွေ ​ပြောသည်။
ငါ အလုပ်လုပ်နေတယ်လို့ ပြန်ပြောလိုက်လျှင် sorry sorry ဟု ပြောကာ ချက်ချင်း ဖုန်းပြန်ချသွားသည်။

တကယ်ကို ဘယ်လို ကောင်လေးမှန်းကို မသိ။

ဂျီး...ဂျီး...

ရေမိုးချိုး၊ အဝတ်အစားလဲရန် ထရပ်လိုက်ရုံ ရှိသေး၊ နောက်တစ်ကြိမ် ထပ်မြည်လာသော ဖုန်းကြောင့် သူ ကျစ်ခနဲ စုတ်သပ်လိုက်မိသည်။

OH...My Beloved BadassWhere stories live. Discover now