Chapter 38

15.9K 2K 257
                                    

(Unicode)

"တင်...တင်”

Viber မှ message ဝင်သံကြောင့် ကြည့်လက်စ ရုပ်ရှင်ကို ခဏ ရပ်ကာ ခွန်းထက်မာန် ဖုန်းကို အရင်ယူကြည့်လိုက်သည်။

Khant sent a photo message

သူ ပြုံးကာ ဖွင့်ကြည့်လိုက်တော့ mirror selfie တစ်ပုံ။

အကျီ အဖြူ လက်ရှည်၊ ဂျင်းဘောင်းဘီ အနက်၊ လှန်တင်ထားသော ဆံပင်တွေနှင့် ရေလည် အထာကျကာ ချောမောနေသည်။

"ကိုကို ကျွန်တော် ချောတယ်မလား။”

လုပ်လာပြီ အဲ့ကိုကိုက...

"မချောပါဘူး”

သူ type ပြီး send မလို့ ပြင်စဥ်မှာပဲ ခဏ ပြန်ရပ်လိုက်ရသည်။

ခန့်ညားရှိန်​က သူ့ဆီ စာပို့လျှင် သူများတွေနဲ့ မတူအောင် emoji ထည့်ပေးပါဟု ဂျီကျထားသည်။

လျှာထုတ် ပြောင်ပြနေတဲ့ emoji လေး ရွေးပြီးမှ စပ်ဖြဲဖြဲ ဖြစ်နေ၍ သူ ပြန်ဖျက်လိုက်ရသည်။

ဒီ ဖြီးနေတာရော...မကောင်းပါဘူး။

ရယ်နေတာကြလည်း ငါကပဲ အရမ်း ပျော်နေသလိုလိုနဲ့...

ဟာကွာ...စောက်ဇယားတွေကို ရှုပ်နေတာပဲ။

တော်ပြီ...ဒီတိုင်းပဲပို့...

Message တောင် မ send ရသေး...ဖုန်းက ဝင်လာတော့သည်။

"ခွန်း အဲ့လောက် ကြာအောင် type နေရတော့ ကျွန်တော့်ချောမောမှုတွေအောက် သတိလစ် မေ့မျောသွားပြီလားလို့ စိတ်ပူပြီး ဆက်လိုက်တာ။”

ခွန်းထက်မာန် ခပ်တိုးတိုး ဆဲလိုက်မိသည်။

"တစ်စက်မှကို မချောတာ။
ရှပ်အကျီကြီးနဲ့ အိုစာနေတာပဲ။
မင်း သူငယ်ချင်းဟောင်းတွေ မြင်ရင် မှတ်တောင် မှတ်မိမှာ မဟုတ်ဘူး။”

"ရပြီ အဲ့လောက်ဆို။
ကျွန်တော် အရမ်းချောနေမှန်း သိပြီ။
ခွန်းက ကျွန်တော် အချောလွန်နေလို့ တမင် ရုပ်ဆိုးအောင် လဲခိုင်းနေတာ သိတယ်။”

သြော် ဖြစ်ရသေးတယ်...

"အရေမရ၊ အဖတ်မရတွေ ခန့်ညားရှိန်။
ကိုယ့်ဟာကို သွားစရာ ရှိတာ သွားစမ်းပါ။
7 နာရီခွဲ ချိန်းထားတာဆို။”

OH...My Beloved BadassWhere stories live. Discover now