Chapter 69 (Part 2)

20.6K 1.5K 55
                                    

(Unicode)

(A/N
Media က သီချင်းလေးကို မသိရင် အရင် နားထောင်ကြည့်ဖို့ တိုက်တွန်းပါတယ်နော်)

"အဟမ်း၊ အဟမ်း...”

ဒါ တတိယအကြိမ်မြောက် ခန့်ဆီမှ ထွက်လာသော ချောင်းဟန့်သံ။

သို့သော်လည်း ပတ်ဝန်းကျင်လေထုကြီးက ပိုလို့ပင် အေးစက်စက် ဖြစ်သွားသလိုလို...

မသိလိုက် မသိဘာသာ ငုံ့ထားမိသော ခေါင်းကို အသာ ပြန် မော့ကြည့်မိတော့ ရှုတည်တည် မျက်လုံးတွေက စိုက်ကြည့်နေသဖြင့် အမြန် အကြည့်လွှဲလိုက်ရသည်။

သူတို့ ရောက်ရောက်ချင်း ICU အခန်းမှ စပြောင်းကတည်းက ဦးမို့းမြင့်ရှိန် မျက်နှာက ထိုကဲ့သို့ သုန်သုန်မှုန်မှုန် ဖြစ်နေတာဖြစ်သည်။

ခန့်ကို မြင်၍ ပြုံးသွားသည့် နှုတ်ခမ်းတွေ သူကို မြင်တာနှင့် မသိမသာ တည်သွားသလို...
သက်သာရဲ့လား ဘာညာဆိုသည့် သူ့၏ လောကဝတ် အမေးတွေကိုလည်း ဝတ်ကြေတန်းကြေ မရိုင်းရုံတမယ်သာ ပြန်ဖြေသည်။

ရိုးလွန်းသည့် ခန့်ကတော့ အဲ့လောက်ထိ မမြင်တတ်သဖြင့် leo က ကူဖို့ လိုက်လာတာ ဘာညာနှင့် အားပါးတရ ပြောနေ ရှာသည်။
သူကလည်း အလိုက်သိစွာပင် သားအဖနှစ်ယောက် အေးအေးဆေးဆေး အချိန်ရစေရန်ဟု အကြောင်းပြကာ ဆေးရုံကိစ္စတွေ ပြေးကူပေး၊ ခန့် ယူလာသော ပစ္စည်းနှင့် မုန့်တွေကို နေရာချပေးဖြင့် ယောင်လည်လည် အချိန်ကုန်နေလိုက်သည်။

အားလုံး ပြင်ဆင်ပေးပြီး၊ ခန့်နှင့် သူ့အဖေလည်း အေးအေးဆေးဆေး စကားပြောအပြီး ညနေစောင်း ပြန်ခါနီး အချိန်ကြမှ ဂွကျတော့တာ ဖြစ်သည်။

ဘာဖြစ်ဖြစ် ရအောင် တောင်းပန်စကား ပြောမည်ဟု အားခဲလာခဲ့သော်လည်း တကယ်တမ်းကြ ဘယ်က စရမှန်း မသိ။
ကုတင်ဘေး ထိုင်ခုံတွင် တောင့်တောင့်ကြီး ​ဖြစ်ကာ မလှုပ်မယှက်သာ ငြိမ်နေမိသည်။

ခန့်ကလည်း သူများတစ်ခုခု ပြောမလားဆိုပြီး စကား လမ်းကြောင်းပေးသည်။
ကြောင်းပေးသမျှတေ​ွကိုလည်း ဦးမိုးမြင့်ရှိန်က တိုတိုပြတ်ပြတ်သာ တုံ့ပြန်သဖြင့် စက္ကန့်ပိုင်းတောင် မကြာဘဲ စကားဝိုင်းက ပြန်ပြန် တိတ်ဆိတ်သွားရသည်။

OH...My Beloved BadassWhere stories live. Discover now