Chapter 40

18.6K 1.9K 163
                                    

(Unicode)

"အ...အင်း...”

မျက်လုံး မဖွင့်နိုင်သေးခင်မှာပဲ ခေါင်းတစ်ခုလုံး ထူပူအုံခဲနေမှုကို ခံစားလိုက်ရသဖြင့် ခွန်းထက်မာန် အသံထွက်ပင် ငြီးလိုက်မိသည်။

ပြတင်းပေါက်မှ နေရောင်က မှန်တံခါး တဆင့်နဲ့တောင် မျက်နှာပေါ် တည့်တည့်လာဟပ်နေသည်။
ဝေဝေဝါးဝါးဖြင့် ငုတ်တုပ်ထထိုင်ရင်း လှည့်ပတ်ကြည့်လိုက်တော့ အိပ်ခန်းထဲ ရောက်နေသည်ကို မြင်လိုက်ရသည်။

မနေ့က....

မနေ့ညက ခန့်ညားရှိန်နောက်ကို လိုက်သွားတယ်။
ပြီးတော့ ကောင်မလေးနဲ့ တွေ့တယ်။
သူ့ သူငယ်ချင်းကောင်လေးတွေနဲ့ သောက်ရင်း...

F**k

ခွန်းထက်မာန် အလန့်တကြား ကိုယ့်မျက်နှာကိုယ် လက်ဝါးနှင့် အုပ်လိုက်မိသည်။

အားလုံးကို ပြတ်ပြတ်သားသား မမှတ်မိသော်လည်း ရှက်ဖို့ကောင်းသည့် အပြုအမူတစ်ချို့ကတော့ ဦးနှောက်ထဲတွင် ရှင်းလင်းနေဆဲပင်...

အမူးမခံနိုင်မှန်း သိသိနဲ့ ဘာလို့ အများကြီး သောက်လိုက်မိတာလဲ....ခွန်းထက်မာန်ရေ

လခွမ်းနဲ့မှ ကျောပါ ပိုးခိုင်းလိုက်သေးတယ်...

သူ့သူငယ်ချင်းတွေ ရှေ့မှာရော...

အန်လည်း အန်လိုက်သေးတယ် ထင်တယ်...

အား...သေလိုက်ပါတော့...စောက်ရှက်တော့ ဗြန်းဗြန်း ကွဲပါပြီ...

ပူပူထူထူနှင့် ကိုယ့်ကိုယ်ကို ကျိန်ဆဲရင်း အမှတ်မထင် ရှေ့က ဗီဒိုမှန်ကို ကြည့်လိုက်မိတော့ ခွန်းထက်မာန် တစ်ကိုယ်လုံး တောင့်တင်း သွားမိသည်။

ဒီအကျီက...

ခန့် ငါ့ကို အကျီလဲပေးထားတာလား...

ဒါဆို...

အခုနက ရှက်ကိုးရှက်ကန်းစိတ်တွေ အားလုံး အငွေ့ပျံကာ စိုးရိမ်သောကတွေက တစ်ကိုယ်လုံးကို ဖြာဆင်းသွားသည်။

ခန့်က ဘယ်လို မြင်သွားမှာလဲ...
ငါ...ငါ ဘယ်လို ရှင်းပြရပါ့မလဲ...

"ဂလွမ်”

ကိုယ့်အတွေးနှင့်ကိုယ် ယောက်ယတ်ခတ်နေစဥ် မီးဖိုးချောင်မှ ပန်းကန်လွတ်ကျသံကြောင့် ခွန်းထက်မာန် တုန် တက်သွားမိသည်။

OH...My Beloved BadassWhere stories live. Discover now